ဆံကေသာနဲ့ ပတ်သတ်တဲ့ ပြဿနာရပ်က လူတိုင်းလိုလို အဓိက ကြုံတွေ့နေရတဲ့ ပြဿနာရပ်တစ်ခုဖြစ်ပါတယ်။ ဆံသားခြောက်တာ ဆံသာအဆီပြန်တာ ဆံပင်ကျွတ်တာ ဆံပင်ပါးတာ ဆံသားပျက်ဆီးတာ စသဖြင့် အမျိုးမျိုးပါ။ ဒီအတွက် ဘယ်လိုခေါင်းလျှော်ရည်တွေ ပေါင်းဆေးတွေကို အသုံးပြုဖို့ စဉ်းစားထားပါသလဲ။ Myhealth Myanmar ကတော့ သဘာ၀ ပေါင်းတင်ဆေးကို အိမ်မှာလုပ်ဖို့ အကြံပြုလိုပါတယ်။

ပါဝင်ပစ္စည်း

ငှက်ပျောသီး တစ်ဝက်

ကြက်ဥ ၁ လုံး

အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ခြင်း

အရင်ဆို ငှက်ပျောသီးကို ခရင်မ်းခွနဲ့ ပြဲအောင် လုပ်လိုက်ပါ။ ပြီးရင် ကြက်ဥ အုန်းဆီ သံလွင်ဆီ နဲ့ ပျားရည်ကို ထည့်ပါ။ သေချာရောသမအောင်မွေလိုက်ပါ။

ပြီးရင် ဆံပင်နဲ့ ဦးရေပြားပေါ်မှာ လိမ်းပေးပြီး Shower Cap ဆောင်းထားပါ။ ၄ နာရီလောက်ထားပြီးရင် ခေါင်းလျှော်ရည် နဲ့ လျှော်ပြီး ပေါင်းဆေးသုံးပါ။