အလှအပအတွက်ပါ အသုံးပြုလို့ရတယ် ဆိုတော့ အရမ်းအဆင်ပြေပါတယ်။ ရှာလကာရည်တစ်ပုလင်းက သင့်ကို လှသွားအောင် လုပ်ပေးပါတယ်။ ပန်းသီးရှာလကာရည်က အဆီကျစေတဲ့အပြင် အစာခြေစနစ်အတွက် အကျိုးပြုတာကြောင့် ဘေးထွက်ဆိုးကျိုးမရှိတဲ့ အဆီကျဆေးအနေနဲ့ အသုံးပြုလို့ရပါတယ်။

1. ဖျော်ရည်ထဲ ထည့်သောက်ပါ။

မိမိနှစ်သက်ရာဖျော်ရည်ထဲသို့ ပန်းသီးရှာလကာရည် အနည်းငယ် ထည့်သောက်ပေးနိုင်ပါတယ်။

2. ဟင်းချက်ရင်း သုံးပေးပါ။

ဟင်းချက်ခြင်း မုန့်လုပ်ခြင်းများတွင် ပန်းသီးရှာလကာရည် ထည့်ပေးခြင်းဖြင့် ဝိတ်ကျစေနိုင်ပါတယ်။

3. အစာမစားခင် သောက်ပါ။

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ရေရှစ်အောင်စနဲ့ ရောပါ။ အစာမစားခင် တစ်နေ့လျှင် သုံးကြိမ် သောက်ပေးပါ။

နှစ်ပတ်လောက် အချိန်ပေးပြီး ပြုလုပ်ပေးတာနဲ့ သိသာတဲ့ ကိုယ်အလေးချိန်ကို တွေ့ရမှာဖြစ်ပါတယ်။