ဗောက်ပြဿနာက အမျိုးသား အမျိုးသမီးမရွေးကြုံတွေ့ရတဲ့အဓိကပြဿနာတစ်ခုပါ။ ဆောင်းရာသီမျိုးဆို ပိုဆိုးတာပေါ့။ ဗောက်ပျောက်တဲ့ခေါင်းလျှော်ရည်တွေဝယ်သုံးပေမဲ့ ဆံပင်ကျွတ်တာတွေရှိသလို တစ်ချို့ခေါင်းလျှော်ရည်တွေက ထင်သလောက် ထိရောက်မှုမရှိပါဘူး။

d7f4110d-e2e0-4241-a271-59cd9f082477

အလှကုန်ပစ္စည်းတွေကို ခဏမေ့ပြီး သဘာဝနည်းလမ်းလေးနဲ့ အဖြေရှာရအောင်ပါ။ ပြုလုပ်ရတာလွယ်ကူတဲ့အပြင် ဘေးထွက်ဆိုးကျိုးလည်းမရှိတာမို့ စာဖတ်သူတို့အကြိုက်တွေ့ကြမှာပါ။

သံလွင်ဆီ

olive-oil-and-olives

သံလွင်ဆီဟာ ခြောက်သွေ့တဲ့ဦးရေပြားရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ဗောက်ပြဿနာကျုဖြေရှင်းရာမှာလည်း တကယ်ကိုကောင်းမွန်ပါတယ်။

ae15a972-40df-4b16-bfd7-c5fecfc039c9

သံလွင်ဆီကို အပူပေးပြီး နွေးအောင်ထားပါ။ ပြီးရင် ဆံပင်နဲ့ ဦးရေပြားပေါ် ပွတ်လိမ်းပေးပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်ထားကာ ခေါင်းလျှော်ပါ။

How-to-get-rid-of-dandruff-with-olive-oil

နောက်တစ်နည်းကတော့ အိပ်ယာမဝင်ခင် သံလွင်ဆီကို လိမ်းပြီး နှပ်ထားပါ။

မနက်မိုးလင်းမှ ခေါင်းလျှော်ချပါ။

မုန့်ဖုတ်ဆိုဒါ

baking-soda-e1462990338656

မုန့်ဖုတ်ဆိုဒါက ဦးရေပြားကို သန့်ရှင်းစေပြီး ဗောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဗောက်ပြဿနာကိုဖြေရှင်းရာမှာအထူးသင့်တော်ပါတယ်။

ပြုလုပ်နည်း

baking-soda-dandruff-hair-loss-2girl-washing-hair

မုန့်ဖုတ်ဆိုဒါကို ရေအနည်းငယ်နဲ့ရောပြီး ဦးရေပြားနဲ့ ဆံသားတွေပေါ်လိမ်းပေးပါ။ ၁၀ မိနစ် လောက်ထားပြီးခေါင်းလျှော်ချပေးပါ။