ရှားစောင်းလက်ပတ်ကို အလှပအတွက် နည်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ အသားအရေ လှစေဖို့သုံးကြသလို၊ ကျန်းမာရေးအတွက် သောက်ကြသူတွေလည်းရှိပါတယ်။ ဒါတင်မကသေးပါဘူး။ သင့်ဆံကေသာကို နူးညံ့ဖြောင့်စင်းစေပါတယ်။

ရေဓာတ်ပါဝင်မှုမြင့်မားပြီး Antioxidant ပါဝင်သလို၊ သတ္တုဓာတ်လည်း ပါဝင်လို့ သင့်ဆံကေသာအတွက် ကောင်းမွန်ပါတယ်။

ရှားစောင်းလက်ပတ်နဲ့ အုန်းဆီ

ရှားစောင်းလက်ပတ်နဲ့ အုန်းဆီကို ပေါင်းပြီးသုံးတာဟာ သင့်ဆံကေသာအတွက် ကောင်းမွန်ပါတယ်။

ပါဝင်ပစ္စည်း

ရှားစောင်းလက်ပတ် စားပွဲတင်ဇွန်း ၃ ဇွန်း

အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ခွက်တစ်လုံးထဲကို ပါဝင်ပစ္စည်းနှစ်မျိုးလုံးရောပြီး သေချာမွေလိုက်ပါ။ ပြီးရင် ဆံပင်အရင်းကနေ အဖျား လိမ်းပေးပါ။ ပြီးရင် Shower Cap ဆောင်းပေးထားပြီး တစ်နာရီလောက်ထားထားပါ။

အဲဒီနောက် ခေါင်းလျှော်ချပေးလိုက်ပါ။ တစ်တပ်ကို ၂ ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်နဲ့ ပျားရည်

ရှားစောင်းလက်ပတ်နဲ့ ပျားရည်တွဲပြီးသုံးပေးတာဟာလည်း သင့်ဆံကေသာအတွက်ကောင်းမွန်ပါတယ်။

ပါဝင်ပစ္စည်း

ရှားစောင်းလက်ပတ် စားပွဲတင်ဇွန်း ၃ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းတွေကိုခွက်တစ်လုံးထဲရောထည့်လိုက်ပြီးသေချာမွှေပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပြီး သေချာနှိပ်ပေးပါ။ အဲဒီနောက် မိနစ် ၂ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။