ခေါင်းလျှော်ပြီးပေမဲ့ ၁ ရက် ၂ ရက်တောင်မကြာဘဲ အဆီပြန်တတ်တဲ့သူတွေရှိပါတယ်။ အဲလိုအဆီပြန်နေရင် လူကြားထဲသွားရတာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသလို သွားခါနီးလာခါနီးမှ ခေါင်းပြေးလျှော်ရတာလည်း အမောပါပဲ။ အဆီပြန်ရင် ဗောက်ဖြစ်ပြီး ဦးရေပြားယားယံတာ ဆံပင်ဖီးရခက်တာ ဆံပင်ကျွတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ဘယ်လိုဖြေရှင်းကြမလဲ။

Home-Remedies-For-Oily-Hair

အဆီပြန်ရတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။

၁။ မျိုးရိုးလိုက်တာ

၂။ အမျိုးသမီးရာသီစက်ဝန်းကြောင့်ဟော်မုန်းအတက်အကျဖြစ်တာ၊ သန္ဓေတားဆေးသုံးစွဲတာ

၃။ စိတ်ဖိစီးမှု

၄။ အဆီများတဲ့ အစားအစာအလွန်အကျွံစားသုံးတာ

၅။ ဆံပင်ကိုထိန်းသိမ်းစောင့်ရှောက်မှုအားနည်းတာတွေကြောင်ဖြစ်ပါတယ်။

ရှားစောင်းလက်ပက်

ဆံကေသာကို နူးညံ့ဖြောင့်စင်းစေတဲ့ ရှားစောင်းလက်ပပ်နဲ့ ပေါင်းတင်နည်း

ဆံပင်အဆီပြန်တာတွေအတွက် အကောင်းဆုံး ကုထုံးတစ်ခုကတော့ ရှားစောင်းလက်ပက်ပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပက်ကို ခေါင်းလျှော်ရည်ထဲမျာ ထည့်ပြီးလျှော်ရမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

masna-kosa-recepti

ရှားစောင်းလက်ပက်အနှစ်

သံပုယိုသီး

ပြုလုပ်နည်း

23443-9828d9-a8

ခေါင်းလျှော်ရည်ကို ခွက်တစ်လုံးထဲထည့်ပြီး သံပုယိုသီး စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရှားစောင်းလက်ပက် အနှစ်လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောပါ။

မိမိဆံပင်နဲ့ သင့်တော်တဲ့ ပမာဏလောက် လုပ်ပြီး ဦးရေပြားနဲ့ ဆံသားတွေပေါ်လိမ်းပေးတာ မိနစ် အနည်းငယ်လောက်ထားပါ။

ပြီးရင်ခေါင်းလျှော်ချပါ။

ဒီနည်းလမ်းလေးအတိုင်း နေ့တိုင်းပြုလုပ်ပေးနိုင်ပါတယ်။