ဆံသားတွေကြမ်းတမ်းပြီး ဆံပင်နှစ်ခွဖြစ်နေလို ဆံပင်မရှည်လာတာကြောင့် စိတ်ညစ်ရပေါင်လည်းများပြီ။ ခေါင်းလျှော်ရည်၊ ဆံပင်ပေါင်းဆေးမျိုးစုံ သုံးပေမယ့်လည်း မထူးခြားလာလို့ လက်လျှော့ချင်စိတ်ပေါက်နေပြီဆိုတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတစ်ခုမျှဝေပါရစေ။ ဆံပင်အတွက်ထူးခြားကောင်းမွန်တဲ့ ကြက်ဆူဆီ၊ ပျားရည်၊ ကြက်ဥ စတာတွေနဲ့ပြုလုပ်ထားတဲ့ သဘာဝပေါင်းဆေး ဖြစ်တာကြောင့် စိတ်ပူစရာလည်းမလိုပါဘူးနော်။

ကြက်ဆူဆီက ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဦးရေပြားကို အားအင်ဖြည့်တင်းပေးကာ ဆံသားရှည်လျားဖို့ အထောက်အပံ့ပေးပါတယ်။ ဗောက်ထခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။

ကြက်ဥအနှစ်မှာ ဗီတာမင်၊ ပရိုတင်းနှင့် အဆီအက်စစ်ကြွယ်ဝတာကြောင့် ပြတ်လွယ်၊ ကျွတ်လွယ်တဲ့ ဆံသားတွေကို အားဖြည့်ပေးပါတယ်။ ဗီတာမင်အီး ကြွယ်ဝများပြားစွာပါဝင်တာကြောင့်လည်း ဆံပင်ကိုသန်မာစေပြီး စိုပြည်နက်မှောင်စေပါတယ်။ ဆံပင်ဖွာခြင်း၊ ခြောက်သွေ့ခြင်းမှလည်း ကင်းဝေးစေပါတယ်။

ပျားရည်ကလည်း ဆံသားတွေကို ပျော့စင်းနူးညံ့စေပြီး ဆံချည်အိတ်တွေကို ခိုင်ခံ့စေတာကြောင့် ကျန်းမာသံစွမ်းတဲ့ဆံပင်ကို ရရှိစေပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဆူဆီ လက်ဖက်ရည်ဇွန်း (၂)ဇွန်း
  • ကြက်ဥ (၁)လုံး
  • ပျားရည် လက်ဖက်ရည်ဇွန်း (၁)ဇွန်း

အသုံးပြုပုံ

၁။ ပန်းကန်လုံးတစ်ခုထဲမှာ ပါဝင်ပစ္စည်းတွေအားလုံးကိုထည့်ပြီး သေချာသမအောင်မွှွေပေးပါ။

၂။ရလာတဲ့အနှစ်ကို ဦးရေပြားက စပြီး ဆံဖျားအထိလိမ်းသွားပါ။တစ်ခေါင်းလုံး ဆံပင်အနှံ့ တစ်နေရာမကျန်လိမ်းပေးပါ။

၃။ပြီးတာနဲ့ ခေါင်းကို ရေချိုးဦးထုပ် (Shower Cap) လေးစွပ်ပေးပြီး နာရီဝက်၊ တစ်နာရီလောက်ထားပါ။

၄။ပြီးတာနဲ့ ခေါင်းလျှော်လိုက်ပါ။

တစ်ပတ်ကို ၂ခေါက် ၃ခေါက်လုပ်ပေးလို့ရပါတယ်။ ပထမအကြိမ်လုပ်ပြီးတာနဲ့တောင် ဆံသာတွေနူးညံ့အိစင်းလာပြီး ဆံပင်သိပ်မကျွတ်တော့တာကို သတိထားမိလာပါလိမ့်မယ်။ အခေါက်ရေ ကြာကြာလုပ်ပြီးတာနဲ့အမျှ ဆံသားတွေပိုသန်မာလာပြီး ဆံပင်ဖွာခြောက်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း စတာတွေ သိသိသာသာကြီးသက်သာသွားပါလိမ့်မယ်။