မင်္ဂလာပါရှင်….. ပျားရည်ဆိုတာ လူရဲ့ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေတဲ့ သဘာဝအဖိုးတန်ရတနာတစ်ခုပါဘဲ။ ပျားရည်တစ်ဇွန်း နေ့စဉ်စားပေးရင် ကျန်းမာရေး အတွက် များစွာအကျိုးရှိပြီး အာဟာရအတွက်လည်း အသုံးပြုနိုင်ပါတယ် ။ ဒါကြောင့် ပျားရည်ကိုနေ့တိုင်းစားပေးရင် ရလာမယ့်အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆီးချို

ပျားရည်က ဆီးချိုရောဂါရှိသူတွေရဲ့  သွေးတွင်းသကြားဓာတ် (ပလာစမာဂလူးကို့စ်) ကို လျှော့ချပေးနိုင်ပြီး  သွေးတွင်းLipid ပိုလျှံနေသူများ သွေးတွင်းအဆီဓာတ်နဲ့ ပရိုတင်းဓာတ်ပါဝင်မှုကိုလည်း လျော့နည်စေပါတယ်။

ကင်ဆာ

ပျားရည်က အဆုတ်ကင်ဆာဆဲလ်များ၊ အရေပြားကင်ဆာဆဲလ်များ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ခံတွင်းကင်ဆာဆဲလ်များ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာ၊ ဆီးအိမ်ကင်ဆာနဲ့ အရိုးကင်ဆာဆဲလ်များ မဖြစ်ထွန်းစေဖို့ ကူညီတားဆီးပေးတဲ့အပြင် ကင်ဆာဆဲလ်များကို ပွားခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

နှလုံး


ပျားရည်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတာကြောင့် နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။

ပန်းနာရင်ကျပ်

တိုင်းရင်းဆေးဆရာကြီးများက ချောင်းဆိုး၊ အဖျားနှင့် ပန်းနာရင်ကျပ်ရောဂါတို့ကို ကုသဖို့အတွက် ပျားရည်ကို ဆေးဝါးအဖြစ် အသုံးပြုတတ်ကြပါတယ်။ ပျားရည်က ပန်းနာရင်ကျပ်ရောဂါ ၊ အဖြစ်များတဲ့ ချောင်းဆိုးခြင်းနဲ့ အဖျားရောဂါလက္ခဏာများကို ကာကွယ်ပေးပြီး လျှော့ချပေးနိုင်ပါတယ်။

အနာ

ပျားရည်ဟာ ရောဂါပိုးတွေကို တိုက်ဖျက်ပေးတဲ့  ခုခံအားကို လှုံ့ဆော်ပေးပြီး  တစ်သျှူးတွေကို ပြန်လည်ပြုပြင်ဖို့အတွက် သွေးဖြူဥများကို လှုံ့ဆော်ပေးတာကြောင့် မီးလောင်ဒဏ်ရာ တွေကို ကုသတဲ့နေရာမှာ ထိရောက်မှုရှိပါတယ်။

မျက်စိ

အိန္ဒိယဒေသခံများက အိန္ဒိယကြာပန်းနဲ့ ပျားရည်ကို မျက်စိရောဂါတွေကို ကုသဖို့နဲ့ ဝက်သက်ရောဂါကြောင့်ဖြစ်တဲ့ မျက်စိရောဂါတွေကို ကုသဖို့အတွက် ယနေ့တိုင် အသုံးပြု နေပါသေးတယ်။