ကိုယ်အလေးချိန်လည်းကျချင်တယ် ကျန်းမာရေးကိုလည်း မထိခိုက်စေချင်ဘူးဆိုသူတွေအတွက် အရသာလည်းရှိပြီး လုပ်ရတာလွယ်ကူတဲ့ ဖျော်ရည်လေးကို ဖော်ပြပေးချင်ပါတယ်။ သရေစာတွေကို မစားမိစေဘဲ ပြည့်အင့်နေစေမယ့် ဖိုက်ဘာ၊ အာဟာရဓာတ်တွေပါဝင်တာကြောင့် မလိုအပ်တာတွေမစားမိစေအောင် ဟန့်တားပေးမှာဖြစ်ပါတယ်။
ကိုယ်ခန္ဓာအတွက် အဖက်ဖက်မှကောင်းမွန်တဲ့ ပါဝင်ပစ္စည်းများကို ထည့်သွင်းအသုံးပြုထားတာကြောင့် အဆီများကိုဖယ်ရှားပေးပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။
လိုအပ်တဲ့ပစ္စည်းများ
အဆီထုတ်ပြီးသား ဒိန်ချဉ်
ဒေါက်ခွရွက် – လက်တစ်ဆုပ်စာ
ပန်းသီးအစိမ်းရောင်
နာနတ်သီး
သခွားသီး
နှမ်းကြတ်စေ့ (ထောင်းပြီးသား)
နံနံပင်
ရေခဲတုံးများ
ဓား
တိုင်းတာခွက်နှင့်ဇွန်းများ
ဖျော်စက်
ပြင်ဆင်ပုံအဆင့်ဆင့်
၁။ ဖျော်စက်ထဲသို့ ဒိန်ချဉ်တစ်ခွက်ရဲ့ နှစ်ပုံတစ်ပုံကိုထည့်ပေးပါ။
၂။ လက်တစ်ဆုပ်စာ ဒေါက်ခွရွက်ကို ထည့်ပေးပါ။
၃။ နာနတ်သီးအစိတ်လေးတွေ ခွက် ၂ ပုံ ၁ပုံကို ထည့်ပါ။
၄။ အစေ့ထုတ်ပြီးသား ပန်းသီးအစိမ်းတစ်လုံးကို အတုံးလေးများလှီးထည့်ပါ။
၅။ အတုံးလေးများလှီးပြီးသား သခွားသီးများကိုလည်း သွန်ထည့်ပါ။
၆။ ကြိတ်ခြေပြီးသား နှမ်းကြတ်စေ့ စားပွဲတင်ဇွန်း ၁ ဇွန်းရောထည့်ပါ။
၇။ နံနံပင်အနည်းငယ်ထည့်ပေးပါ။
၈။ ၁ မိနစ်ခန့်ရောကြိတ်ပါ။
၉။ ရေခဲတုံးအနည်းငယ်ထည့်ပါ။
၁၀။ နောက်တစ်ကြိမ်ထပ်ပြီး ရောမွှေပါ။
ဒီလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပါဝင်ပစ္စည်းတွေပေါင်းစပ်ပါတဲ့ ဖျော်ရည်တစ်ခွက်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးမယ်ဆိုရင်တော့ စိတ်ကူးထဲက ခန္ဓာကိုယ်လေးကို အနှေးနဲ့အမြန်ပိုင်ဆိုင်ရရှိနိုင်မှာဖြစ်ပါတယ်။
Source: Top10HomeRemedies