ပြုံးလိုက်တိုင်း သွားဖြူဖြူလေးတွေနဲ့ လူတွေသတိထားမိစေမယ့် သွားပိုင်ရှင်လေးဖြစ်ဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း ၄ သွယ်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ အပြုံးဟာ လူတစ်ဦးနဲ့တစ်ဦးဆက်ဆံရေးအတွက် တကယ်အရေးပါတဲ့အရာလည်းဖြစ်ပါတယ်။
နည်းလမ်း ၁
သွားတိုက်ဆေးနေရာမှာ မုန့်ဖုတ်ဆိုဒါပြောင်းပြီးသုံးပေးပါ။ မုန့်ဖုတ်ဆိုဒါကို ရေနည်းနည်းနဲ့ ခပ်ပျစ်ပျစ်ရောပြီး သွားတိုက်ပေးပါ။ သွားတွေကို ဖြူဝင်းစေပါတယ်။
နည်းလမ်း ၂
ရေ နည်းနည်း မုန့်ဖုတ်ဆိုဒါကို ဆတူရောလိုက်ပါ။ ပြီးရင် ပလုတ်ကျင်းပေးပါ။
နည်းလမ်း ၃
မုန့်ဖုတ်ဆိုဒါနဲ့ သံပုရာရည်နည်းနည်းရောပြီး သွားတိုက်ပေးပါ။
နည်းလမ်း ၄
မုန့်ဖုတ်ဆိုဒါကို သွားတိုက်တဲ့အခါမှာ ၂ မိနစ်လောက်တိုက်ပေးပါ။ ခဏခဏ တိုက်တာမျိုးတော့ မလုပ်ပါနဲ့။ ၂ မိနစ်ထက်လည်း သွားပိုမတိုက်ပါနဲ့။