တစ်ရက်ကို ၁၀ မိနစ် စုစုပေါင်း ရက်ပေါင်း ၃၀ လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းလုပ်နေတဲ့ ၁ လအတွင်းမှာ ကိုယ်စားတဲ့အစားကိုလည်း ဂရုစိုက်ပါနော်။ ရေများများသောက်ပါ။ အသီးအရွက်များများစားပါ။ အချိုရည်သောက်မယ်ဆိုရင်လည်း သကြားမပါတဲ့ Sugar Free အချိုရည်သောက်ပေးပါ။ ညနေ ၆ နာရီဆိုရင် အစာမစားပါနဲ့တော့။ ညဖက်မှာ ထမင်းအစား အသီးအနှံ့ ၊ ဟင်းချိုသောက်ပါနော်။

လေ့ကျင့်ခန်း ၇ မျိုးကို ပြောပြမှာဖြစ်ပါတယ်။

ပုံစံ (၁)

Plank လို့ခေါ်ပါတယ်။ တကယ်ကို အသုံးဝင်ပြီး လူကြိုက်များတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ လူတွေအများအားဖြင့်လည်း လိုက်လုပ်ကြပါတယ်။ တဒေါင်ဆစ်၊ လက်ဖျံ နဲ့ ခြေဖျားကို ထောက်ပြီး ခါးကို မတ်မတ်ထားရမှာဖြစ်ပါတယ်။

ဒီအတိုင်းပဲ နေပေးရမှာပါ။ လက်မောင်းကြွက်သားနဲ့ နောက်ကျောက ကြွက်သားကို ကျစ်လျစ်စေပါတယ်။

ပုံစံ (၂)

စောစောကလို အနေအထားမျိုးမှာပဲ ဒိုက်ထိုးလိုက်ပါ။ ပေါင်နဲ့ ခါးအောက်ပိုင်းကို မတ်မတ်ထားပြီး လက်မောင်းနဲ့ပဲဒိုက်ထိုးရမှာဖြစ်ပါတယ်။ ဗိုက်ကြွက်သားနဲ့ လက်မောင်းကြွက်သားကို ကျစ်လျစ်စေမှာဖြစ်ပါတယ်။

ပုံစံ (၃)

Squats လို့ခေါ်ပါတယ်။ MyStyles ကနေ မကြာခဏဖော်ပြနေတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ ကိုယ်ကို မတ်မတ်ထားပြီး လက်နှစ်ဖက်ကို ရှေ့ဆန့်ထုတ်ပါ။ (သို့) ကိုယ်ကိုမတ်မတ်ရပ်ပြီး လက်နှစ်ဖက်ကိုခါးထောင်ပါ။ ပြီးရင် အောက်ပိုင်းထိုင်ပါ။ အပေါ်ကို မတ်မတ်ထားပါ။ ဒူးအောက်ပိုင်းက တပြေးညီပဲဖြစ်နေရပါမယ်။ ဖြည်းဖြည်းချင်း ထိုင်လိုက် ထလိုက်လုပ်ပေးပါ။ တင်သားကိုလှပစေမှာဖြစ်ပြီး ပေါင်းသားကိုလည်း လှစေမှာဖြစ်ပါတယ်။

ပုံစံ (၄)

အရင်ဆုံး လေးဖက်ထောက်လိုက်ပါ။ ပြီးရင် ခြေထောက်ကို အနောက် တန်းတန်း ပင့်လိုက် ချလိုက်လုပ်ပေးပါ။ လက်ကိုလည်း လုပ်ပေးပါ။

ပုံစံ (၅)

ကျောလှဲလိုက်ပါ။ ပြီးရင် လက်တစ်ဖက်ကို အနောက်ပင့် တစ်ဖက်ကို တည့်တည့်မြောက်ပါ။ ခြေထောက်ကို ဖြည်းဖြည်းချင်း မတင်လိုက်ပါ။ ဘယ်ခြေထောက်ကို မရင် ညာဖက်လက်ကို မြောက်ပါ။ ပြီးရင် ထိအောင်လုပ်ပါ။ ဘယ်နဲ့ညာ ပြောင်းလုပ်ပေးပါ။

ပုံစံ (၆)

လူူကို လေးဖက်ထောက်လိုက်ပါ။ ပြီးရင် တင်အပေါ်ပိုင်းကို အပေါ်မြင့်တင်ပြီး တြိဂံပုံစံလုပ်ပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို ခပ်မြင့်မြင့် မနိုင်သလောက်မပါ။ ပြီးရင် ဖြည်းဖြည်းချင်းချပါ။ ပြီးရင် ဒူးခေါင်းကို လက်(သို့) နှာခေါင်းထိ ထိအောင်ရွှေ့ပါ။ ကျန်တဲ့တစ်ဖက်ကိုလည်း အဲလိုလုပ်ပါ။

ပုံစံ (၇)

ကိုယ်ကို လှဲနေပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို မြောက်နိုင်သလောက် မြောက်လိုက်ပါ။ ဘယ်ဖက်ကိုဖြည်းဖြည်းလေးရွှေ့ပါ။ ပြီးရင် တစ်ဝက်လောက်ချပါ။ ညာဖက်ကို ဖြည်းဖြည်းလေးရွှေ့ပါ။

ပြုလုပ်ရမယ့်အချိန်ဇယား

ပထမပတ်

နေ့တိုင်း ၆ ရက်ဆက်တိုင်း

ပုံစံ ၁ ( ၂ မိနစ်)

ပုံစံ ၂ ( ၁ မိနစ်)

ပုံစံ ၄ နဲ့ ၅ ( ၁ မိနစ်)

ပုံစံ ၅ ( ၁ မိနစ်)

ပုံစံ ၅ နဲ့ ၆ ( ၁ မိနစ်)

လေ့ကျင့်ခန်း (၇) ၁ မိနစ် (သို့) ခါးနဲ့ပတ်သတ်တဲ့ကျင့်ခန်း အိပ်ထမတင် လုပ်ပါ။

ပုံစံ ၁ ( ၂ မိနစ် )

လေ့ကျင့်ခန်း တစ်ခုနဲ့ တစ်ခုကြား ၁၀ စက္ကန့်လောက်နားပါ။

ဒုတိယ ပတ်

နေ့တိုင်း ၆ ရက်ဆက်တိုင်း

ပထမ ချီ

ပုံစံ ၁ ( ၃ မိနစ် )

ပုံစံ ၅ ( ၃ မိနစ် )

ပုံစံ ၄ ( ၃ မိနစ် )

လေ့ကျင့်ခန်း တစ်ခုနဲ့ တစ်ခုကြားမှာ ၁၅ စက္ကန့် နားပါ။

ဒုတိယချီ

လေ့ကျင့်ခန်း (၇) ၁ မိနစ် (သို့) ခါးနဲ့ပတ်သတ်တဲ့ကျင့်ခန်း အိပ်ထမတင် လုပ်ပါ။

ပုံစံ ၂ ( ၃ မိနစ် )

ပုံစံ ၄ ( ၃ မိနစ် )

လေ့ကျင့်ခန်း တစ်ခုနဲ့ တစ်ခုကြား ၁၅ စက္ကန့်နားပါ။

တတိယပတ် (ပထမပတ်ကအတိုင်းလုပ်ပါ။)

စတုတ္ထပတ် (ဒုတိယ ပတ်ကအတိုင်းလုပ်ပါ။)