ဝတဲ့သူတွေအတွက် အကြီးမားဆုံးအိပ်မက်တစ်ခုက ကိုယ်အလေးချိန်ကျပြီး သွယ်လျလှပတဲ့ ခန္ဓာကိုယ်တစ်ခုအမြန်ဆုံးရရှိပိုင်ဆိုင်နိုင်ဖို့ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျဖို့ အဓိကလုပ်ဆောင်ရမယ့်အချက် ၂ခုက အစားအသောက်ထိန်းခြင်း နဲ့ လေ့ကျင့်ခန်းလုပ်ခြင်းပါ။ အစားအသောက် မထိန်းပဲ လေ့ကျင့်ခန်းလုပ်နေရုံနဲ့လည်း ပိန်သွားမှာမဟုတ်ပါဘူး။ဒါကြောင့် အစားအသောက်လည်းထိန်းမယ်လေ့ကျင့်ခန်းလည်းပုံမှန် လုပ်မယ်ဆိုရင်တော့ ကိုယ်အလေးချိန်မကျစရာအကြောင်းမရှိပါဘူး။ဒီတစ်ခေါက်မှာတော့ ကိုယ်အလေးချိန်မြန်မြန်ကျချင်သူတွေအတွက် အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံး လေ့ကျင့်ခန်း တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

(၁) လမ်းလျှောက်ခြင်း

Source : Shutterstock

ကိုယ်အလေးချိန်မြန်မြန်ကျဖို့အကောင်းဆုံးလေ့ကျင့်ခန်းတစ် ခုက လမ်းလျောက်ခြင်းဖြစ်ပါတယ်။လမ်းလျောက်ခြင်းလေ့ကျင့်ခန်းကလူတိုင်းနဲ့ရင်းနှီးပြီးသားအလေ့အကျင့်တစ်ခု ဖြစ်ပြီး အလွယ်ကူဆုံးနဲ့ တခြားသောပစ္စည်းကိရိယာတွေဘားမှ မလိုတဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။လေ့လာချက်တွေအရ တစ်နေ့ကိုနာရီဝက်ခန့်လမ်းလျောက်ပေးရုံနဲ့ ကယ်လိုရီ ၁၆၀ ကျော်လောင်ကျွမ်းနိုင်တယ်လို့သိရပါတယ်။

(၂) ဖြေးဖြေးနဲ့မှန်မှန်ပြေးခြင်း

Source : Shutterstock

ဖြေးဖြေးနဲ့ မှန်မှန်ပြေးခြင်း လေ့ကျင့်ခန်းဟာလည်း ကိုယ်လေးချိန်မြန်မြန်ကျစေဖို့ အထောက်အကူပြုတဲ့အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းကိုလမ်းလျောက် ဟာကဲ့သို့ပင် ဘယ်နေရာမှာမဆိုအလွယ်တကူပြုလုပ်နိုင်ပြီး လမ်းလျောက်ခြင်းထက် ကယ်လိုရီများများပိုလောင်ကျွမ်းစေပါတယ်။တစ်ရက်ကိုအနည်းဆုံး မိနစ် ၂၀ နာရီဝက်ခန့်ပြုလုပ်ခြင်းဖြင့် ကယ်လိုရီ ၃၀၀ နီးပါးလောင်ကျွမ်းစေမှာဖြစ်ပါတယ် ။

(၃) စက်ဘီးနင်းခြင်း

Source : Shutterstock

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့နဲ့ ကိုယ်အလေးချိန်ကျစေဖို့ အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုကိုပြောပါဆိုရင် စက်ဘီးနင်းခြင်း လေ့ကျင့်ခန်းကမပါမဖြစ်ပါပဲ။စက်ဘီနင်းခြင်းလေ့ကျင့်ခန်းကို Gym တွေမှာလည်းပြုလုပ်ရလေ့ရှိပြီး ပြင်ပမှာလည်းတကယ့်စက်ဘီးအစစ်ကိုအသုံးပြုပြီး လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။ စက်ဘီးနင်းခြင်းလေ့ကျင့်ခန်းက ကိုယ်အလေးချိန်ကျစေရုံသာ မက ခန္ဓာကိုယ်ကြွက်သားများသန်မာကျစ်လစ်စေပြီး သွေးလည်ပတ်မှုကိုပိုမိုကောင်းမွန်စေရုံသာမက နှလုံးရောဂါ ကင်ဆာ ရောဂါတို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

(၄) ရေကူးခြင်း

Source : Shutterstock

ချွေးထွက်များတဲ့လေ့ကျင့်ခန်းတွေနဲ့ ဝိတ်ချရတာမကြိုက်တဲ့သူတွေအတွက်တော့ ရေကူခြင်းလေ့ကျင့်ခန်းကအသင့်တော် ဆုံးဖြစ်စေမှာဖြစ်ပါတယ်။ရေကူးခြင်းက ကိုယ်အလေးချိန်ကျ ဆင်းစေတဲ့အပြင် သွယ်လျလှပတဲ့ခန္ဓာကိုယ်ကိုပါရရှိစေဖို့ အထောက်အကူဖြစ်စေပါတယ်။ဒါ့အပြင်နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း အမောခံနိုင်ခြင်း သက်လုံကောင်းစေခြင်း ကြွက်သားများသန်မာစေခြင်းစတဲ့ကောင်းကျိုးတွေပါပေးစွမ်းနိုင်ပါတယ်။တစ်နေ့ကိုနာရီဝက်ခန့်ရေကူးခြင်းဖြင့် ကယ်လိုရီ ၃၅၀ မှ ၄၀၀ အထိ လောင်ကျွမ်းစေမှာဖြစ်ပါတယ်။

(၅) ယောဂကစားခြင်း

Source : Shutterstock

ယောဂလေ့ကျင့်ခန်းက အမျိုးသမီးတွေသာမက အမျိုးသားတွေကြားမှာပါရေပန်းစားနေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ် ။ယောဂလေ့ကျင့်ခန်းက ရုပ်ပိုင်းဆိုင်ရာကျန်းမာခြင်းကို သာမက စိတ်ပိုင်းဆိုင်ရာမှာလည်းအထောက်အပံ့ကောင်းတွေဖြစ် စေပါတယ်။ကိုယ်အလေးချိန်ကျစေရုံသာမက ခန္ဓာကိုယ်ကြွက်သားများနာကျင်ကိုက်ခဲခြင်းတွေကို အကောင်းဆုံးပြေလျော့စေပြီး စိတ်ဖိစီးမှုကိုလည်းလျော့ကျစေနိုင်ပါတယ်။ယောဂလေ့ကျင့်ခန်းကို နာရီဝက်ခန့်ပြုလုပ်ပေးရုံနဲ့ ကယ်လိုရီ ၁၅၀ နီးပါးကျစေမှာဖြစ်ပြီး စိတ်ပျိုကိုယ်နုနဲ့ ကျန်းမာတဲ့ဘဝတစ်ခု ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Reference Source : https://www.healthline.com/nutrition/best-exercise-for-weight-loss?fbclid=IwAR0mOYu1AUr5_v-xJKa12EWPDNbK5r7zHqg5cijrkzUwmXn02fKVeDwS_XU