ယနေ့အချိန်မှာ မိန်းကလေးတွေသာမဟုတ်ဘဲ ယောကျ်ားလေးတွေကပါ ကျစ်လျစ်လှပပြီး လူတကာငေးမောရလောက်တဲ့ ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်လိုကြပါတယ်။ ဒါပေမယ့်လည်း နေ့စဉ်နေ့တိုင်း Gym သွားဖို့ဆိုတာက အချိန်ကြာလာတဲ့အခါ အလွန်ကို ပျင်းစရာကောင်းလာနိုင်ပါတယ်။

ဒါကြောင့် Gym သွားရမယ့် ကုန်ကျစရိတ်လည်း သက်သာစေပြီး အိမ်မှာပဲအလွယ်တကူလုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Zumba အက

နေရာတိုင်းရဲ့ Gym ကစားခန်းမှာတွေမှာ Zumba က အလွန်ကို ရေပန်းစာလာပါတယ်။ အုပ်စုအဖွဲ့လိုက် မြူးကြွတဲ့သီချင်းသံစဉ်ကို စီးမျောလိုက်ကရတာဖြစ်လို့ ပျော်စရာကောင်းလှတဲ့ ကိုယ်အလေးချိန်လျှော့ချနည်းတစ်မျိုးဖြစ်ပါတယ်။

ကယ်လိုရီတွေလောင်ကျွမ်းဖို့ အမြန်ဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး အပျင်းလည်းပြေစေမှာပါ။

၂။ Masala Bhangra

နောက်ခံမှာ ဘောလိဝုဒ်တေးသီချင်းတွေ ဖွင့်လိုက်ပြီဆိုတာနဲ့ Bhangra အကကို စတင်လုပ်ဆောင်ကြတာပါ။ Zumba အကလိုပဲ တေးသီချင်းနဲ့ ကခုန်ရတာဖြစ်လို့ အကြောအချင်တွေလည်း ပြေစေပြီး ကယ်လိုရီတွေလည်း ကျစေပါတယ်။

၃။ ရေကူးခြင်း

ရေကူးပေးတာက ကိုယ်ခန္ဓာအတွင်းက ကြွက်သားတွေအကုန်လုံးကို လေ့ကျင့်ခန်းလုပ်ပေးပြီးသား ဖြစ်နေပါတယ်။ ဒါ့အပြင် ရေထဲမှာလေ့ကျင့်ခန်းလုပ်တာက ပင်ပင်ပန်းပန်းလုပ်ရတာမဟုတ်လို့ အထူးသက်သာပါတယ်။

၄။ Squash

ဒီလေ့ကျင့်ခန်းရဲ့ ကောင်းကျိုးကတော့ အဖော်ပါစရာမလိုဘဲ ဆော့ကစားနိုင်တဲ့ ရက်ကတ်ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူ့အပေါ်ကိုမှ မှီခိုနေစရာမလိုတော့ပါဘူး။ ဒါ့အပြင် အချိန်တိုအတွင်းမှာ ချွေးတွေနစ်ရွှဲလာပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

၅။ Exercise Balls

Gym တိုင်းလိုလိုမှာ လေထိုးထားတဲ့ ဘောလုံးအကြီးကြီးတွေ ရှိတတ်တာကို သတိထားမိကြမှာပါ။ ကိုယ့်အတွက်ကိုယ်လည်း အိမ်မှာအသုံးပြုရန် ဝယ်ထားနိုင်ပါတယ်။

ထိုကဲ့သို့ဘောလုံးတွေကို အသုံးပြုခြင်းက သင့်ရဲ့ကိုယ်နေဟန်ထားကို မြှင့်တင်းပေးနိုင်ပြီး ကြွက်သားတွေကိုလည်း လေ့ကျင့်ခန်းလုပ်ပြီး ရာရောက်ပါတယ်။