ကိုယ်အလေးချိန်လျှော့ချချင်တဲ့သူတွေ အဆီလောင်ကျွမ်းချင်တဲ့သူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းတွေကို မျှဝေပေးချင်ပါတယ်။ ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင်တော့ ပျင်းနေလို့မရပါဘူးနော်။ ကိုယ်အလေးချိန်လျှော့ချပြီး အဆီကျဖို့ဆိုရင်တော့ ကြွက်သားတွေနဲ့ အစားထိုးဖို့လိုအပ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်မျှတဲ့အစားအစာတွေစားပေးပြီး ဗီတာမင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေ စားပေးမယ်ဆိုရင် ကိုယ်အလေးချိန်လျှော့ချဖို့ အထောက်အကူပြုပါတယ်။ လေ့ကျင့်ခန်းကိုပါတွဲပြီးလုပ်ပေးမယ်ဆိုရင်တော့ Perfect Body ဆိုတာ မဝေးတဲ့ ပန်းတိုင်တစ်ခုပါပဲ။

ပြေးပါ။

ကိုယ်အလေးချိန်လျှော့ချဖို့အတွက် တစ်နေ့ကို နာရီဝက် ၄၅ မိနစ်လောက်ပြေးပေးပါ။ ဖြစ်နိုင်ရင် မနက်တစ်ကြိမ် ညနေတစ်ကြိမ် ပြေးတာ ပိုကောင်းပါတယ်။ ၅မိနစ်လောက် လမ်းလျှောက်လိုက် ၅ မိနစ်လောက် ပြေးလိုက်နဲ့ တဖြည်းဖြည်း သက်လုံးကောင်း အသားကျပြီး ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေမှာပါ။

စက်ဘီးနင်းပါ။

အားကစားလုပ်တဲ့ စက်ဘီးကို နှင်းပေးတာပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ် အပြင်မှာ စက်ဘီးနှင်းတာပဲဖြစ်ဖြစ် ကိုယ်အလေးချိန်လျှော့ချဖို့ အကူအညီဖြစ်ပါတယ်။ တစ်ပတ်ကို ၅ ကြိမ်လောက် စက်ဘီးနှင်းပေးရင် လှပ ရှည်လျားတဲ့ ခြေထောက်တစ်စုံကို ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။

ရေကူးပါ။

ရေကူးတာဟာ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ ခန္ဓာကိုယ်အချိုးအစားလှပစေဖို့ အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပါပဲ။ တစ်ပတ်ကို ရေ ၃ ကြိမ် လောက်ပဲဖြစ်ဖြစ် ကူးပေးမယ်ဆိုရင် စိတ်ဖိစီးမှုပြေပျောက်ပြီး အသားအရေလည်း လှပစေမှာပါ။ သင့်ကိုလည်း ပိုလှစေမှာဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက ရေကူးမယ်ဆိုရင်တော့ အရပ်ရှည်စေပြီး ခြေတံသွယ်စေပါတယ်။