ဆံပင်ကျွတ်လို့ ဆံပင်ပါးလို့ စိတ်ညစ်နေလား။ အကောင်းစားခေါင်းလျှော်ရည်တွေသုံးပေမယ့် ကိုယ်နဲ့အဆင်မပြေဘူးဖြစ်နေတယ်ဆိုရင် သဘာဝနည်းလမ်းကို စမ်းကြည့်ဖို့ အကြံပြုလိုပါတယ်။ ဆံပင်ကျွတ်တာသက်သာစေပြီး တစ်ပတ်အတွင်း ဆံပင်ပါးတာကိုပါသက်သာစေမယ်ဆိုရင် စာဖတ်သူတို့ စိတ်ဝင်စားကြမယ်ထင်ပါတယ်။

ကြက်ဥကို ဘာလို့ရွေးချယ်ရသလဲ။

ကြက်ဥမှာဆိုရင် ဆံနွယ်တွေကို ပြန်လည်သန်စွမ်းစေပြီး ဆံနွယ်ကို တောက်ပြောင်စေတဲ့ ပရိုတင်းနဲ့ ဗီတာမင်တွေ အများအပြားပါဝင်ပါတယ်။ ဗီတာမင် E ပါဝင်လို့နေရောင်ချည် ထိတွေ့မှုကြောင့် ဆံသားပျက်ဆီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ဆံပင်ပေါက်တဲ့ Follicles လေးတွေနဲ့ ဆံပင်အမြစ်တွေကိုသန်စွမ်းစေဖို့ ကြက်ဥမှာပါဝင်တဲ့ ဗီတာမင် B7 ကအားဖြည့်ပေးနိုင်ပါတယ်။ ဦးရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ပေးပြီး ဆံသားခြောက်သွေ့တာကိုကာကွယ်ပေးမယ့် Fatty Acids လည်းပါဝင်ပါတယ်။

ဒါ့ကြောင့် ဆံကေသာအလှအတွက် အကျိုးရှိတဲ့ ကြက်ဥကိုရွေးချယ်အသုံးပြုဖို့ အကြံပြုလိုပါတယ်။

နည်းလမ်း (၁)

ပါဝင်ပစ္စည်း

သံလွင်ဆီ

ကြက်ဥ

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ကြက်ဥအနှစ်တစ်လုံးကို ရောပြီး မွှေလိုက်ပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံပင်တွေပေါ်လိမ်းပေးပြီး မိနစ် ၂၀ ကနေ နာရီဝက်ထိထားပါ။ ပြီးရင် ခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ချပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။

နည်းလမ်း (၂)

ကြက်ဥအနှစ်

သံပုရာသီး

ပြုလုပ်နည်း

ကြက်ဥအနှစ် ၂ လုံးကိုယူပြီး ခလောက်လိုက်ပါ။ ပြီးရင် သံပုရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ အဲဒီနောက် သေချာမွှေပေးပါ။ အရမ်းပျစ်နေရင် သံပုရာရည် ထပ်ထည့်လို့ရပါတယ်။ ပြီးရင် ဦးရေပြားနဲ့ ဆံပင်အမြစ်တွေကို သေချာလိမ်းပေးပါ။ ဦးခေါင်းတစ်ခုလုံးကို နှံ့အောင်လိမ်းပေးပြီး မိနစ် ၃၀ လော်ကထားပါ။ အဲဒီနောက် ခေါင်းလျှော်ရည်နဲ့လျှော်ချပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။

နည်းလမ်း (၃)

ကြက်ဥ အနှစ်

သံလွင်ဆီ

ပျားရည်

ပြုလုပ်နည်း

ကြက်ဥအနှစ် ၂ လုံးကို ခလောက်လိုက်ပါ။ ပြီးရင် သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ အဲဒီနောက် ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ သေချာမွှေပေးပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံသားအောက်ခြေကနေ ထိတ်ပိုင်းထိ နှံ့စပ်အောင်လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ရည် နဲ့ လျှော်ချပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးရမှာဖြစ်ပါတယ်။