လူတိုင်း ပြီးပြည့်စုံတဲ့ အပြုံးကို ပိုင်ဆိုင်ချင်ကြပါမယ်။ သွားလေးတွေ ဖြူဝင်းနေမယ်ဆိုရင်တော့ သင့်ရဲ့ အပြုံးဟာ ဆွဲဆောင်မှုအပြည့်ရှိပြီး လှပနေမှာပါ။

နို့မှုန့်နဲ့ သွားတိုက်ဆေး

နို့မှုန့်က သင့်ရဲ့ သွားကို ဖြူဝင်းစေဖို့ ကူညီပေးပါ။ နို့မှုန့်နဲ့ သွားတိုက်ဆေးရောပြီး သွားကို ဖြည်းဖြည်းချင်း သေချာတိုက်ပေးမယ်ဆိုရင် သွာေးတွ ဖြူဝင်းစေဖို့ အကူအညီဖြစ်စေမှာပါ။ တစ်ပတ်ကို ၁ ကြိမ် (သို့) ၂ ကြိမ်လုပ်ပါ။

မှုန့်ဖုတ်ဆိုဒါနဲ့ သံပုယိုရည် (သို့) သံပုရာရည်

မှုန့်ဖုတ်ဆိုဒါနည်းနည်းနဲ့ သံပုယိုရည် (သို့) သံပုရာရည် ရောပြီး ပျစ်ပျစ်လေးဖျော်လိုက်ပါ။ ပြီးရင် သွားတိုက်တံပေါ်တင်ပြီး သွားတိုက်ပေးပါ။ ၁ ပတ်ကို တစ်ကြိမ်လောကပဲ အသုံးပြုပါ။

သွားတိုက်ဆေး၊ ဆား၊ မှုန့်ဖုတ်ဆိုဒါနဲ့ သံပုယိုရည် (သို့) သံပုရာရည်

ဝါနေတဲ့သွားတွေကို ပြန်ပြီးဖြူဝင်းစေမယ့် အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေ

ဒီနည်းလမ်းကို ၂ ပတ်တစ်ကြိမ် ပဲလုပ်ပေးရမှာပါ။ သွားတိုက်ဆေး စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား အနည်းငယ်၊ မှုန့်ဖုတ်ဆိုဒါ အနည်းငယ်နဲ့ သံပုယိုရည် (သို့) သံပုရာရည် ၃ စက် ၅ စက်ကို ခွက်တစ်လုံးထဲ အတူရောပြီး နှယ်လိုက်ပါ။ ပြီးရင် သွားတိုက်တံပေါ်တင်ပြီး သွားတိုက်ပေးပါ။ တခါလုပ်တာနဲ့ သိသိသာသာ ဖြူဝင်းလာစေမှာပါ။ ၂ လကို တစ်ကြိမ်သာလုပ်ပါ။