ဒီကနေ့ခောတ်မှာ ဆံပင်တွေကျွတ်တာ ဆံဖျားနှစ်ခွဖြစ်တာ ဆံပင်ပျက်ဆီးတာတွေရင်ဆိုင် ကြရပါတယ်။

တစ်နေ့မှာ ဆံပင်အချောင်းပေါင်း ၁၀၀ ကျော်ကျွတ်လေ့ရှိပြီး တစ်နေ့ပြီးတစ်နေ့ ဆံပင်ပါးပါးလာလို့ အခက်တွေ့နေကြသူတွေအတွက် ဆံပင်ကို သဘာဝအတိုင်း ပြန်လည်သန်စွမ်းစေပြီး ဆံနွယ်အရှည်မြန်စေမယ့် သဘာဝနည်းလမ်းကောင်းတစ်ခုကို မျှဝေချင်ပါတယ်။ ဒီအတွက် ငွေကြေးအထူးတလည် ကုန်ကျခံနေစရာမလိုပါဘူး။

ပါဝင်ပစ္စည်း

ကြက်သွန်နီ အကြီး ၃ လုံး

သံလွင်ဆီ (သို့) အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ကြက်သွန်နီကို အတုံးလိုက်လှီးပြီး ကြိတ်စက်နဲ့ကြိတ်ကာ အရည်ညှစ်လိုက်ပါ။ ပြီးရင် အရည်ကို ဆစ်ချလိုက်ပြီး ခွက်တစ်ခုထဲထည့်ထားပါ။ ရလာတဲ့ ကြက်သွန်နီအရည် စားပွဲတင်ဇွန်း ၄ ဇွန်းစာကိုယူပါ။

သံလွင်ဆီ (သို့) ကြက်သွန်နီကို ထည့်ပါ။ ပြီးရင် ဆံနွယ်ရဲ့အောက်ခြေ ဦးရေပြားပေါ်မှာ သေချာလိမ်းပါ။ ဆံဖျားထိကိုလိမ်းပေးပါ။ မိနစ် ၃၀ ၄၅ မိနစ်လောက်ထားပြီးရင် ခေါင်းလျှော်ရည်နဲ့ လျှော်ချပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့) ကြိမ်ထိ လုပ်ပေးပါ။ ၁ လလောက်ဆို သိသာလာပါလိမ့်မယ်။

နည်းလမ်း ၂

ကြက်သွန်နီ အကြိမ်းတစ်လုံးကိုယူပါ။ ပြီးရင် ကြိတ်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ ပြီးရင်အရည်ကို ဆစ်ချပြီး ခွက်တစ်လုံးထဲထည့်ထားပါ။ ပြီးရင် ရေနွေး ၁ လီတာကို ပုန်းအကြီးတစ်လုံးထဲထည့်ထားပါ။ အဲဒီနောက် စောစောက အရည်ညှစ်ထားတဲ့ ကြက်သွန်နီအရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ထည့်ပြီး သေချာမွှေပါ။

ပြီးရင် အခန်းထဲမှာထားပြီး ခေါင်းလျှော်လို့ရတဲ့ထိ နည်းနည်းအေးသွားအောင်ထားပါ။ ပြီးရင် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ရည်သုံးပြီး ခေါင်းလျှော်ချလိုက်ပါ။ နောက်ဆုံးမှာ စောစောက လုပ်ထားတဲ့ ရေနွေးနဲ့ ကြက်သွန်နီအရည်ရောထားတာနဲ့ ဆပ်ပြာတွေကို ဆေးချပါ။

တစ်ပတ်ကို ၂ ခါလုပ်ပါ။ ၃ ပတ်လောက်ဆိုရင် ဆံပင်ကျွတ်တာရပ်ပြီး ဆံပင်တွေ သဘာဝအတိုင်း ပြန်လည်သန်စွမ်းလာပါလိမ့်မယ်။