ဆံပင်အဖျားနှစ်ခွဖြစ်နေလို့ ဆံသားခြောက်သွေ့နေလို့ စိတ်ညစ်နေသူတွေအတွက် နည်းလမ်းကောင်းလေး ၂ ခုကို မျှဝေပေးလိုက်တယ်နော်။

၁။ ပထမနည်းလမ်းလေးကတော့ ကြက်ဥအနှစ်၊ သံလွင်ဆီနဲ့ ပျားရည်ရောပြီး ပေါင်းတင်ပေးရမှာပါ။

ကြက်ဥမှာ ပရိုတင်းဓာတ်၊ Fatty Acid တွေပါဝင်လို့ သဘာဝအတိုင်း ဆံကေသာကို ပေါင်းတင်ပေးနိုင်ပါတယ်။ ဦးရေပြားကိုလည်း သန့်စင်ပေးပြီး ဆံပင်အမြစ်ကို အားဖြည့်ပေးပါတယ်။ ဒါ့အပြင် သံလွင်ဆီနဲ့ ပျားရည်မှာဆိုရင်လည်း သဘာဝအတိုင်း ဆံကေသာကိ ုအားဖြည့်စိုပြေစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဆံပင်အုံကိုလည်း ပိုထူလာစေပါတယ်။

ကြက်ဥအနှစ် တစ်လုံး၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ကို ပန်းကန်တစ်လုံးထဲရောပြီး သေချာမွေလိုက်ပါ။ ပြီးရင် ဆံပင်ကို ခေါင်းသေချာလျှော်ပေးပြီး အဲဒီရောထားတဲ့အရာကို လိမ်းပေးပါ။ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပြီး သွေးလည်ပတ်မှုကောင်းမွန်ဖို့ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးရင် ခေါင်းလျှော်ရည်ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပါ။ တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်ထိလုပ်နိုင်ပါတယ်။ တစ်လလောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။

၂။ ဒုတိယနည်းလမ်းကတော့ ငှက်ပျောသီး မှည့်၁ လုံး၊နှင်းဆီရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းကိုရောပြီးပေါင်းတင်ပေးရမှာပါ။

ငှက်ပျောသီးမှာ ဗီတာမင် A,C,E ပါဝင်ပြီး Essential Oil တစ်မျိုးပါဝင်လို့ ဆံကေသာ သန်စွမ်းစေဖို့ အားဖြည့်ပေးပါတယ်။ ဆံပင်အဖျားနှစ်ခွ ဖြစ်တာကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

ငှက်ပျောသီးမှည့်တစ်လုံကို ပြဲအောင်လုပ်ပါ။ ပြီးရင် နှင်းဆီရည်၊ သံပုယိုရည်၊ ဒိန်ချဉ်တို့ကို ရောပြီး သေချာမွေလိုက်ပါ။ အဲဒီနော်က ဆံပင်ကို ခေါင်းလျှော်ရည်နဲ့ အရင်လျှော်ချပြီး ရောထားတဲ့ အရာကို လိမ်းပေးပါ။ ဆံပင်အရင်းကနေ အဖျားထိ နှံ့အောင်လိမ်းပေးရမှာဖြစ်ပါတယ်။ ၁ နာရီလောက် ထားပြီးရင် ခေါင်းလျှော်ချပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးရမှာဖြစ်ပါတယ်။ ၁ လလောက်ဆိုရင် သိသာလာမှာပါ။