သင်ဟာ ပုံမှန် Gym သွားပေမယ့် သင်မျှော်လင့်ထားသလို ခန္ဓာကိုယ်အချိုးအစား မရဘူးဖြစ်နေလား။ ဒါဆိုရင်တော့ သင့်မှာ အခုဖော်ပြမယ့် လေ့ကျင့်ခန်း အမှားတွေလုပ်မလုပ်ဆိုတာကို မျှဝေပေးပါမယ်။

နေ့တိုင်းလေ့ကျင့်ခန်းလုပ်ခြင်း

နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာမျိုးထက် တစ်ရက်ခြား (သို့) ၃ ရက်ကစား (၁) ရက်နားပြီးလေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ရင် ပိုပြီး ပင်ပန်းနွမ်းနယ်သလိုခံစားရပြီး သင့်ခန္ဓာကို်ယ်အတွင်း Cortisol ဆိုတဲ့ ဟော်မုန်းဓာတ်တမျိုးထုတ်ပေးတာကြောင့် သင့်ကို ကိုယ်အလေးချိန်တက်စေပါတယ်။

အကြောမလျှော့ခြင်း

လေ့ကျင့်ခန်းလုပ်ပြီး အကြောလျှော့ဖို့ မမေ့ပါနဲ့။ အကြောလျှော့ပေးမယ်ဆိုမှ သင့်ကြွက်သားနာကျင်မှုကို သက်သာစေမှာဖြစ်ပါတယ်။

ရေစိမ်ခြင်း

လေ့ကျင့်ခန်းလုပ်ပြီးပြီးချင် Bath နဲ့ ရေစိမ်တာ ၊ Sauna ထိုင်တာမျိုးမလုပ်သင့်ပါဘူး။ အဲဒီအစား ရေများများသောက်ပြီး ရေချိုးပေးလိုက်ပါ။

အစာလုံးဝမစားဘဲ (သို့) အစာစားပြီးပြီးချင် အားကစားလုပ်ခြင်း

လေ့ကျင့်ခန်းမလုပ်ခင်မှာ အစားကို ဗိုက်ပြည့်အောင်စားတာမျိုးမလုပ်သင့်ပါဘူး။ ဗိုက်ဆာဆာနဲ့ လေ့ကျင့်ခန်းလုပ်တာမျိုးလည်းမဖြစ်သင့်ပါဘူး။ အားကစားမလုပ်ခင် ၂ နာရီလောက်အလိုမှာ အစာစားပေးတာ အကောင်းဆုံးပါပဲ။

အစားပိုစားလာခြင်း

လေ့ကျင့်ခန်းပုံမှန်သွားတယ်ဆိုတော့ အရင်ကထက် အစားတွေပိုပြီးစားလာမယ်ဆိုရင် သင့်ကျန်းမာရေးအတွက်ရော ကိုယ်အလေးချိန်အတွက်ရော မကောင်းပါဘူး။

လေ့ကျင့်ခန်းလုပ်နေစဉ် ရေမသောက်ခြင်း

လေ့ကျင့်ခန်းလုပ်နေရင်း ရေအများကြီးသောက်လို့မရပေမယ့် ရေနည်းနည်းချင်းဆီတော့ သောက်လို့ရပါတယ်။ ရေလုံးဝမမသောက်တာမျိုးမလုပ်ပါနဲ့။

ရေအစား အချိုရည်သောက်ခြင်း

အားကစားလုပ်တဲ့သူတွေအများစုဟာ ရေအစား Sport Drink အချိုရည်တွေ သောက်သုံးကြပါတယ်။ အဲဒီလိုအချိုရည်တွေထက် ရေကိုပဲ သောက်ပေးသင့်ပါတယ်။

ကယ်လိုရီနည်းတာပဲ ရွေးစားခြင်း

ကယ်လိုရီနည်းတဲ့အစားအစာကိုစားတာဟာ ကျန်းမာရေးအတွက်ရော ကိုယ်အလေးချိန်လျှော့ချချင်သူအတွက်ရော ကောင်းမွန်ပါတယ်။ ဒါပေမယ့် အဆီလုံးဝမပါ၊ ကယ်လိုရီလုံးဝမပါတဲ့ အစားအစာကိုပဲ စားမယ်ဆိုရင်လည်း ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။ ပရိုတင်း၊ အဆီ၊ ကာဘွန် ဟိုက်ဒရိတ်ဓာတ်ပါတဲ့အစားအစာတွေဟာလည်း သင့်ခန္ဓကိုယ်အတွက် လိုအပ်ပါတယ်။ ဆဲလ်မွန်နဲ့ ထောပတ်သီးလို အဆီပါတဲ့ အစားအစာတွေ ကိုလည်း စားပေးသင့်ပါတယ်။

Cardio လေ့ကျင့်ခန်းအကြာကြီးလုပ်ခြင်း

ကာဒီယိုလေ့ကျင့်ခန်းဟာ နှလုံးအတွက်ကောင်းမွန်သလို ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက်လည်း ကောင်းမွန်တဲ့လေ့ကျင့်ခန်းပါ။ ဒါပေမယ့် အဲဒီလေ့ကျင့်ခန်းကို အချိန်အကြာကြီးလုပ်ပေးတာဟာလည်း မကောင်းပါဘူး။