Gym ဆော့နေတဲ့သူတွေအနေနဲ့ရော ကိုယ်အလေးချိန်ကျချင်သူတွေ ကြွက်သားတက်ချင်သူတွေရော ကိုယ်ဟန်အနေအထားမှန်မှန်နဲ့ လေ့ကျင့်ခန်း လုပ်ဖို့လိုအပ်ပါတယ်။ လေ့ကျင့်ခန်းကို ကိုယ်ဟန်အနေအထား မှန်မှန်နဲ့မလုပ်ဘူးဆိုရင် သင့်ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီး ထိရောက်မှုလည်း ရှိမှာမဟုတ်ပါဘူး။

၁။ Hip Bridge

အခုလေ့ကျင့်ခန်းကို လုပ်ပေးမယ်ဆိုရင် ပုခုံးကနေ ဒူးထိ တစ်တန်းတည်းဖြစ်နေရမှာဖြစ်ပါတယ်။

၂။ Plank

သင့်ရဲ့ တင်နဲ့ ခါး ပုခုံးတို့ဟာ တဖြောင့်တည်းဖြစ်နေရမှာဖြစ်ပါတယ်။

၃။ Squat

Squat ထိုင်တဲ့နေရာမှာ ခါးကို မတ်မတ်ထားပြီး တင်ကိုကော့ထားရမှာဖြစ်ပါတယ်။ လည်ပင်းနဲ့ ပုခုံးကိုလည်း မတ်မတ်ထားပါ။

၄။ အလေးမလေ့ကျင့်ခန်း

အလေးမတုံးကို နေရာမှန်အောင်တင်ထားပါ။ လည်ပင်းမှာမဟုတ်ဘဲ ပုခုံးသားပေါ်မှာ တင်ထားရမှာဖြစ်ပါတယ်။

၅။ အလေးမတဲ့အခါ

အလေးမတဲ့အခါမှာ လက်နှစ်ဖက်ကိုလည်း တန်းတန်းထားရမှာဖြစ်ပြီး ခြေထောက်နှစ်ဖက်ကိုလည်း တန်းတန်းကားထားရမှာဖြစ်ပါတယ်။

၆။ Bench Press

ဒီလေ့ကျင့်ခန်းကိုလုပ်တဲ့အခါမှာ ပုခုံးနဲ့ အလေးတုံးကိုင်ထားတဲ့လက်နဲ့ တတန်းတည်းဖြစ်နေရမှာပါ။ ဒူးခေါင်းကလည်း ထိုင်ခုံအပြင်အရမ်းထွက်မနေရပါဘူး။

၇။ Dumbbell Lunges

ဒီလေ့ကျင့်ခန်းကိုလုပ်တဲ့အခါမှာ ခြေထောက်ကိုခွင်ခွင်ပြီး မလုပ်ရပါဘူး။ တန်းတန်းထားပြီးလုပ်ပေးရမှာဖြစ်ပါတယ်။

၈။ One-Legged Squat

အခုလေ့ကျင့်ခန်းကိုလုပ်တဲ့အခါမှာလည်း ခါးကိုမတ်မတ်ထားပြီး တင်ကိုကော့ထားရမှာဖြစ်ပါတယ်။

၉။ လက်တစ်ဖက်နဲ့ အလေးမခြင်း

ခေါင်းကိုမော့မထားရပါဘူး။ ခေါင်းကို အောက်ငုံ့ထားပြီး ကိုယ်ကိုမတ်မတ်ထားရမှာဖြစ်ပါတယ်။

၁၀။ အလေးတုံးကို နောက်ပြန်မတဲ့အခါ

အလေးတုံးနောက်ပြန်မတဲ့အခါ လက်မနဲ့ လက်ဖဝါးကြားမှာ အလေးတုံးကို မပြီးလုပ်ပေးပါ။ လက်ဖဝါးကို ဖြန့်ထားလိုက်ပါ။