မျက်လုံးဆိုတာ ကျွန်မတို့ စိတ်ဝိဉာဉ်ရဲ့ တံခါးပေါက်တစ်ခုပါပဲ။ မျက်လုံးဟာ ကျွန်မတို့ရဲ့ အလှပဆုံးနေရာတွေထဲက တစ်ခုအပါအဝင်ပါ။

မျက်ကွင်းညိုတာ မျက်ကွင်းရောင်တာတွေအတွက် သဘာ၀ နည်းလမ်းလေးတွေမျှဝေထားတာတွေရှိတော့ ဒီတခါမှာ ထိရောက်တဲ့ ယောဂလေ့ကျင့်ခန်းတွေကို မျှဝေပေးသွားပါမယ်။

၁။ Pranayama

Pranaya ကတော့ အသက်ရှှုလေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော မျက်လုံးအတွက်ပါ ကောင်းမွန်ပါတယ်။ အမြင်ရာရုံကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ အရင်ဆုံး တရားထိုင်မယ့်ပုံစံမျိုးနေပြီး အသက်ကိ ုခပ်ပြင်းပြင်းလေ ရှှုထုတ်လိုက် သွင်းလိုက်လုပ်ပေးပါ။ နောက်တစ်မျိုးကတော့ ဘယ်ဖက်နှာခေါင်းပေါက်ကနေ အသက်ရှူပြီး ညာဖက် နှာခေါင်းပေါက်ကနေ ပြန်ရှူထုတ်ပေးတာမျိုးလည်းလုပ်နိုင်ပါတယ်။

၂။ မျက်လုံးလေ့ကျင့်ခန်း

မျက်ခမ်းနားမှာ လက်သန်းကြွယ်လေးနဲ့ ဖွဖွလေး ပွတ်ပေးပါ။ နောက်တစ်နည်းကတော့ လက်မနှစ်ဖက်နဲ့ နားနှစ်ဖက်ကို ပိတ်လိုက်ပြီး ကျန်တဲ့ လက် ၃ ချောင်းကိုတော့ မျက်ခွံပေါ်မှာ ပွတ်ပေးပါ။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး မျက်လုံးနားက ကြွက်သားတွေကိုလည်း သက်သောင့်သက်သာရှိစေပါတယ်။

၃။ Asana

Asanas ဆိုတဲ့ လေ့ကျင့်ခန်းလေးက မျက်လုံးနဲ့ ပုခုံး ရင်အုံအတွက်ကောင်းမွန်သလို နောက်ကျော လည်ပင်း မျက်နှာအတွက်လည်း ကောင်းမွန်ပါတယ်။ အခုပုံမှာပြထားသလို ခန္ဓာကိုယ်ကို ဘေးဖက်ထောက် ဒိုက်ထိုးမယ့်အနေအထားမျိုး ၁ မိနစ်လောက် နေပေးရမှာပါ။

ဒါ့အပြင် နောက်ထပ် ယောဂလေ့ကျင့်ခန်းတွေဖြစ်တဲ့ အခုပုံမှာပြထားသလို ခြေထောက်နှစ်ဖက်ကို အရှေ့ချထား လက်နှစ်ဖက်နဲ့ ခြေဖဝါးကို ကိုင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ခြေထောက်နဲ့ထိအောင်လုပ်ပေးရနိုင်သလို

Wheel Pose ဆိုတဲ့ ခန္ဓာကိုယ်ကိုယ် ပက်လက်လန်ပြီး ခြေထောက်နှစ်ဖက် လက်နှစ်ဖက်နဲ့ အခုလို ပုံစံမျိုးနေပေးတာကလည်း မျက်လုံးအတွက်ရော သွေးလည်ပတ်မှုအတွက်ပါကောင်းမွန်ပါတယ်။

၄။ Acupressure

ဒီလေ့ကျင့်ခန်းကတော့ မျက်လုံးနားက ကြွက်သာေးတွကို ပြန်ပြီး နုပျိုစေသလို မျက်ကွင်းညိုတာကို သက်သာစေပါတယ်။

မျက်ရိုးနားမှာ  လက်မနဲ့ ဖိပေးတာပဲဖြစ်ဖြစ် လက်ညိုးနဲ့ဖိပေးတာပဲဖြစ်ဖြစ် ကောင်းမွန်ပါတယ်။ လက်ညိုးနဲ့ လက်ခလယ်ကြားကို ဖိပေးတာ၊ ခြေညိုးနဲ့ ခြေမကြားကို ဖိပေးတာမျိုးကလည်း မျက်လုံးအတွက်ကောင်းပါတယ်။

Featured Image Source: mix.com