ဝမ်းဗိုက်မှအဆီစုတယ်ဆိုတာ ဝမှမဟုတ်ပါဘူး။ တချို့ ပိန်တဲ့သူတွေလည်း ဝမ်းဗိုက်မှာအဆီရှိကြပါတယ်။ အဲဒီလိုဝမ်းဗိုက်မှာစုပြီး ချရခက်တဲ့အဆီတွေကို ချချင်တဲ့သူတွေအတွက်လေ့ကျင့်ခန်းမလုပ်ခင်မှာ ပြုလုပ်ရမယ့်အချက်တွေကိုမျှဝေပေးချင်ပါတယ်။

ရေများများသောက်ပါ။ စိတ်ဖိစီးမှုကိုလျှော့ချပါ။ အာဟာရပြည့်ဝအောင်စားပါ။ ကိုယ်အလေးချိန်လျှော့ချဖို့ဆိုတာ လေ့ကျင့်ခန်းတစ်ခုတည်း လုပ်နေရင်လည်း အဆင်မပြေပါဘူး။ သင့်နေထိုင်စားသောက်ပုံတွေပါ လိုက်ပြီးပြောင်းလဲပေးမှ လေ့ကျင့်ခန်းလုပ်တာ ထိရောက်မှာဖြစ်ပါတယ်။

ကဲလေ့ကျင့်ခန်းလုပ်ရအောင်နော်။

၁။ အရင်ဆုံးကိုမတ်မတ်နေပြီး လက်နှစ်ဖက်ကိုဆန့်လိုက်ပါ။ ပြီးရင် နာရီလက်တံလို ပတ်ချာလည်ပေးလိုက်ပါ။ ဘယ်လှည့်လိုက်၊ ညာလှည့်လိုက်လုပ်ပေးပါ။ တစ်ခေါက်လုပ်ရင် ၃ ကြိမ်ကနေ ၆ ကြိမ်ထိလုပ်ပါ။

၂။ အရင်ဆုံး မတ်မတ်နေပါ။ ပြီးရင် ခန္ဓာကိုယ်အပေါ်ပိုင်းကိုနည်းနည်းကြွပေးပြီး ခြေထောက်ကိုပါ တပြိုင်တည်းမြောက်ပေးပါ။ အဲဒီအတိုင်း ၁၀ ကြိမ်ကနေ ၁၅ ကြိမ်လောက်လုပ်ပေးပါ။ ၄ ကြော့လုပ်ပေးပါ။

၃။ အရင်ဆုံးခြေဆင်းထိုင်ပြီးလက်နှစ်ဖက်ကို ကြမ်းပြင်ချထားပါ။ ပြီးရင်ဒူးကွေးပြီး ခန္ဓာကိုယ်ကို အပေါ်ကြွပေးပါ။ အဲဒီအတိုင်း ၁၀ ကြိမ်ကနေ ၁၅ ကြိမ်ထိလုပ်ပေးပြီး ၄ ကြော့လုပ်ပေးပါ။

၄။ အရင်ဆုံးခန္ဓာကိုယ်မှောက်လျက်နေပြီး လက်နှစ်ဖက်ကိုကြမ်းပြင်ထောက်ထားပါ။ ပြီးရင် ခန္ဓာကိုယ်အလယ်ပိုင်းကို အပေါ်ကြွပေးပါ။ အဲဒီအတိုင်းစက္ကန့်အနည်းငယ်လောက်နေပြီး နဂိုအတိုင်းပြန်နေပါ။ ၁၀ ကြိမ်ကနေ ၁၅ ကြိမ်ထိလုပ်ပေးပြီး ၄ ကြော့လုပ်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်း ၄ မျိုးလုံးကိုမနက်တစ်ကြိမ်နဲ့ ညအိပ်ယာဝင်ခါနီးတစ်ကြိမ်လုပ်ပေးပါ။

Featured Image Source: Women Working