[Unicode]
မျက်နှာပေါ်မှာ အမွှေးတွေ သိပ်များလို့ စိတ်ညစ်နေလား။ အမွှေးချွတ်ဆေးတွေသုံးပေမဲ့ မကြာခဏရိတ်ပေးပေမဲ့ ပိုပိုထူလာလို့ စိတ်ညစ်နေလား။ သဘာဝနည်းလမ်းကို စမ်းသုံးကြည့်ဖို့ အကြံပြုလိုပါတယ်။
ပဲနီမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (Red Lentils Powder)
ကုလားပဲမှုန့် အစိမ်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (Gram Flour (Besan)
ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (Rice Flour)
နွားနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဗာဒံဆီ ၂စက်-၃ စက် (ထည့်ချင်မှထည့်ရန်)
ပြင်ဆင်ခြင်း
ပါဝင်ပစ္စည်းအားလုံးကိုရောပြီး သေချာမွှေလိုက်ပါ။ ပျစ်ပျစ်လေးဖြစ်သွားပါလိမ့်မယ်။ ရလာတဲ့အရည်ကို မျက်နှာပေါ်ရှိ မမွှေးတွေရှိတဲ့နေရာမှာလိမ်းပေးပြီး ခြောက်အောင်ထားပါ။ ပြီးရင်လက်ကိုရေအနည်းငယ်စွတ်ပြီး ဖြည်းဖြည်းချင်းပွတ်ပေးပါ။ ပြီးရင် ရေနွေးနဲ့ ဆေးချပါ။
တစ်ပတ်ကို ၃ ခါလောက်လုပ်ပေးပါ။ ဒါဆို သိသာပါလိမ့်မယ်။
[Zawgyi]
ပြင်ဆင်ခြင်း
Featured Image Source: oktelugu.com