MyHealth Myanmar စာဖတ်ပရိသတ်ကြီးအတွက် အခုလိုcovid 19ကြောင့် နေမကောင်းဖြစ်ရင်တောင် ဆေးခန်းဆေးရုံသွားပြဖို့ သိပ်မလွယ်ကူတဲ့ ဒီလိုအချိန်တွေမှာ ကိုယ့်ရဲ့ကလေးတွေ နေမကောင်းဖြစ်တာတွေ အဖျားတက်တဲ့အချိန်တွေမှာ အဖျားမြန်မြန်ကျစေဖို့ တစ်ခုခု လုပ်ပေးရမယ်ဆိုရင် မိဘတွေအနေနဲ့ ပျာယာခတ်သွားတတ်ပါတယ်နော်။ ဒါပေမယ့် စိတ်ပူစရာမလိုပဲ အဲ့လိုအခြေအနေမျိုးကြုံလာရင် အသုံးဝင်စေမယ့် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်…

ကလေးငယ်လေး အဖျားတက်တဲ့အချိန်မှာ ပြုလုပ်ပေးသင့်တဲ့ အရာလေးတွေကတော့….

Source: Allina health

ခြေမျက်စိမှာ တဘက် (သို့) အဝတ်စအစိုကပ်ပေးပါ

Source: Freepik

ကလေးတွေအတွက် အဖျားကျဖို့သင့်တော်တဲ့ နည်းလမ်းပါပဲ။ ခြေအိတ် (သို့) တဘက် (သို့) အဝတ်စတစ်ခုခုကို ရေစွတ်ပြီး ခြေမျက်စိနားတစ်ဝိုက်မှာ ကပ်ထားပေးပါ။ ရေစိုနေတဲ့ အဝတ်စခြောက်သွားရင် နောက်တခါ ထပ်ပြီးရေစွတ်ပေးပြီးလုပ်ပေးပါ။

ရေနွေးနဲ့ ရေချိုးပေးပါ

Source: Made of Blog

ရေနွေးနွေးလေးနဲ့ မိနစ်အနည်းငယ်လောက် ရေချိုးပေးတာဟာလည်း အဖျားကျစေပါတယ်။ ဒါကတော့ လူကြီးတွေအတွက် ပိုသင့်တော်ပါတယ်။ ရေအေးနဲ့ ချိုးပေးလည်းရပါတယ်။

ရေများများပေးသောက်ပါ

Source: Mom Junction

အဖျားတက်တဲ့အခါ ရေဓာတ်ခမ်းခြောက်တတ်ကြပါတယ်။ အဲဒါကြောင့် ရေးများများသောက်ပေးဖို့လိုအပ်ပါတယ်။ ရေ၊ ရေနွေးကြမ်း ၊ ဂျင်းရေနွေးကြမ်း (သို့) သဘာဝသစ်သီးဖျော်ရည်သောက်ပေးနိုင်ပါတယ်။

နဖူးနဲ့လည်ပင်းနားတဝိုက်ကို အဝတ်စနဲ့တိုက်ပေးပါ

Source:New Scientist

နဖူးနားနဲ့လည်ပင်းနားကို အဝတ်စတစ်ခုကို ရေအေးအေးနဲ့စွတ်ပြီး အုံပေး တိုက်ပေးပါ။ တကယ်လို့များ အဝတ်စက ပူလာရင် ရေအေးထပ်စိမ်ပြီး ရေညှစ်ကာ ကပ်ပေးပါ။

အစားအများကြီးမကျွေးမိပါစေနဲ့

Source: Cold Fix

အစားအများကြီးစားတာထက် အရည်သောက်တာက ပိုပြီးကောင်းမွန်ပါတယ်။ ဥပမာ ဆန်ပြုတ် ၊ အသီးအရွက်ပြုတ်လိုမျိုး အားရှိစေမယ့် စွပ်ပြုတ်လေးတွေ တိုက်ပေးသင့်ပါတယ်။ ဗိုက်ဆာရင်လည်း လုံးဝပြည့်သွားတဲ့အထိ မစားဘဲ နည်းနည်းဆီနဲ့ ထပ်ခါထပ်ခါစားပေးနိုင်ပါတယ်။