ဒီနေ့မှာတော့ MyHealth ပရိသတ်ကြီအတွက် အေးတဲ့အခုလိုရာသီမှာ ပိုပြီးဖြစ်တတ်တဲ့ ခြေထောက်ကြွက်တက်တာကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြထားတဲ့ ဆောင်းပါးလေး တစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ အိပ်နေရင်း ခြေထောက် ကြွက်တက်ခြင်း ကြုံဖူးသူတွေဟာ ခံရအတော်ခက်ကြောင်း သိကြပါတယ်။ အင်မတန် နာကျင်ပြီး နေရထိုင်ရ မသက်သာလှပါဘူး။ အိပ်နေချိန်တွေမှာ ခြေထောက်ကြွက်မတက်ရအောင် အိမ်တွင်းနည်းလေးတွေနဲ့ ပြင်ဆင်ထားရင် အဆင်ပြေလှပါပြီ။

  • အိပ်ရာမဝင်ခင် နွားနို့ပူပူ တစ်ခွက် သောက်တာက ခြေသလုံးကြွက်တက်တဲ့ဝေဒနာကို သက်သာစေတဲ့ ထိရောက်တဲ့နည်းပါ။

Source:Times of India

  • အိပ်ရာမဝင်ခင် ကြက်သီးနွေး ရေချိုးတာက ခြေသလုံးကြွက်တက်တာကို သက်သာစေတဲ့ နည်းလမ်းကောင်း တစ်ခုပါ။ ကြွက်တက်ပြီး နာကျင်နေတဲ့ ခြေသလုံးနေရာကို ကြက်သီးနွေးရေ များများလောင်းချပေးရပါမယ်။
  • အိပ်ရာထဲ ရှိနေချိန်မှာ တတ်နိုင်သလောက် ခြေထောက်ကို ဆွဲဆန့်ပေးပါ။ ပြီးရင် အဲဒီအနေ အထားနဲ့ နာရီဝက်ခန့် နေပေးပါ။ မတ်တတ်ရပ်နေစဉ် ခြေဖနောင့် ကို ကြမ်းပြင်ပေါ် ချထားပေးပြီး ခြေချောင်းတွေကို အပေါ်ကို ကော့ထားပါ။ ဒါက ခြေသလုံးကြွက်တက်တာအတွက် နည်းလမ်းကောင်း ဖြစ်ပါတယ်။

  • ခြေသလုံးကြွက်တက်ရင် နံရံပေါ်မှာ ခြေချောင်းတွေ ဖိထားရင်း ခြေတံကောက် ကြွက်သားတွေကို ဆွဲဆန့်ပေးပါ။
  • ကြွက်တက်တဲ့ ခြေသလုံးပေါ် ရေနွေး အိတ် တင်ပေးတာကလည်း သက်သာ စေတဲ့ နည်းဖြစ်ပါတယ်။
  • တစ်နေ့ ငှက်ပျောသီး ၂-၃လုံးစားပါ။ ဒါဆိုရင် ပိုတက်စီယမ်စုပ်ယူမှု ရရှိပြီး ကြွက်တက်တာကို သက်သာစေပါတယ်။

  • တစ်နေ့ ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းစား တာကြောင့် ခြေသလုံးကြွက် တက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။
  • ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂ နီဆီယမ်တို့ များများ ပါဝင်တဲ့ အစားအ စာတွေကို စားပေးပါ။
  • ခြေသလုံးကြွက်တက်တဲ့နေရာကို လာဗန်ဒါဆီ၊ ယူကလစ်ဆီစတဲ့ မရှိမဖြစ်ဆီ တို့သုံးပြီး နှိပ်ပေးလိုက်ပါ။ ဒီလိုနှိပ်ပြီး ရေနွေးဆွတ်ထားတဲ့ တဘက်တစ်ထည်နဲ့ ပတ်ပေးရပါမယ်။

Credit: ကျန်းမာရေးစာတိုများစုစည်းမှု