ဆံသားခြောက်သွေ့လို့ ဗောက်ထတာ အဆီပြန်လို့ ဦးရေပြားယားယံတာတွေအတွက် သဘာ၀ အစားအစာတွေနဲ့ ဖြေရှင်းလို့ရပါတယ်။ ဆံသားတွေကို တောက်ပြောင်သန်စွမ်းစေမှာဖြစ်လို့ စာဖတ်သူတို့ သဘောကျကြမှာပါ။

ဆံသားခြောက်သွေ့ ပျက်ဆီးတာတွေအတွက် ထောပတ်သီး

ထောပတ်သီးဟာ ကျန်းမာရေးနဲ့ညီညွှတ်ရုံသာမကအသားအရေအတွက် ကောင်းမွန်သလို ဆံသားအတွက်လည်း အကျိုးထူးပါတယ်။ ဒီတော့ ထောပတ်သီတစ်လုံးဟာ ဘက်စုံအသုံးပြုလို့ရပါတယ်။

ထောပတ်သီး တစ်ဝက်ကို ဇွန်းနဲ့ သေချာပြဲအောင်လုပ်ပြီး ဦးရေပြားပေါ်မှာ ၁၅ မိနစ်လော်က လိမ်းထားပေးပါ။ ပြီးရင် ခေါင်းလျှောချပါ။

တကယ်လို့ ထောပတ်သီးနံ့ဆံပင်မှာ မဆွဲချင်ဘူးဆိုရင် အုန်းဆီ (သို့) သံလွင်ဆီထည့်ပေးပါ။

အဆီပြန်တဲ့ ဆံသားအတွက် သံပုရာသီး

သံပုယိုသီးကို အဆီပြန်တတ်တဲ့ ဆံသားတွေအတွက် အသုံးပြုပေးနိုင်ပါတယ်။ သံပုယိုသီး ၁ လုံးလောက်ကို အရည်ညှစ်ပါ။ ပြီးရင်ရေ ၃၀၀ မီလီလီတာ လောက်ရေပြီး ဦးရေပြားပေါ်မှာ ၅ မိနစ်လောက်လိမ်းပေးထားပါ။ ပြီးရင်ခေါင်းလျှောချလိုက်ရုံပါပဲ။

တကယ်လို့ ဆံပင်ထူတယ်ဆိုရင်သံပုယိုသီး ၂ လုံး ရေ ၆၀၀ မီလီလီတာကိုရောပြီးလိမ်းပေးပါ။