Hello..MyHealth ပရိသတ်တွေအားလုံး မဂ်လာပါနော်.. ဒီနေ့မှာတော့ ညအိပ်ရာမဝင် ပန်းသီးရှာလကာရည်တစ်ခွက် ဘာလို့သောက်ပေးသင့်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ပန်းသီးရှာလကာရည်ကိုရေနဲ့ရောပြီး အိပ်ယာမဝင်ခင်သောက်သုံးတာဟာ ကျန်းမာရေးကို များစွာ အထောက်အကူပြုနေတဲ့အတွက် စာဖတ်သူတွေကိုလည်း ကျန်းမာရေးအတွက် သောက်သုံးပေးဖို့ တိုက်တွန်းပါရစေ။

ဘယ်လိုမျိုးအကျိုးကျေးဇူးရရှိမလဲဆိုတာတော့ အတူတူဖတ်ကြည့်လိုက်ရအောင်နော်…

အစာမကြေခြင်း

ညနေခင်း ဒါမှမဟုတ် အိပ်ခါနီးမှာ အစားများများစားမိလို့ အစာမကြေဖြစနေရင်တော့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရောပြီး ရေနွေးနဲ့ အိပ်ယာမဝင်ခင် နာရီဝက်အလိုမှာသောက်ပေးပါ။

အဝလွန်ခြင်း

ခါးပတ်လည်က အဆီတွေ ကျဆင်းစေမယ့် အစားအစာများ

ပန်းသီးရှာလကာရည်ကိုသောက်သုံးပေးတာဟာ အဆီကျစေပါတယ်။ သုတေသနပြုချက်အရ ဆန်၊Pasta တို့လို ကစီဓါတ်များတဲ့ အစားအစာတွေ မှာပါတဲ့ ကယ်လိုရီတွေကို ပန်းသီးရှာလကာရည်က လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။

ဗိုက်နာခြင်း

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေနွေးတစ်ခွက်ထဲထည့်ပြီး အိမ်ယာမဝင်ခင် သောက်သုံးပေးပါ။ ဗိုက်နာတာကို သက်သာစေမှာပါ။

သွေးတွင်းသကြားဓါတ်

ပန်းသီးရှာလကာရည်ဟာ သွေးတွင်းသကြားဓါတ်ပါဝင်မှုကို လျှော့နည်းစေပြီး ဆီးချိုရောဂါ ၂ မျိုးလုံးကို ကာကွယ်ပေးပါတယ်။

လည်ချောင်းနာခြင်း

ပန်းသီးရှာလကာရည်မှာ ဘက်တီးရီးယားဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင့် လည်ချောင်းနာတာကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို အိပ်မယာမဝင်ခင် ၁ နာရီအလို၊ နာရီဝက်အလို နဲ့ အိပ်ယာမဝင်ခင် သောက်ပေးပါ။ လည်ချောင်းနာတာကို သက်သာပျောက်ကင်းစေမှာပါ။

အာပုပ်ဆော်နံခြင်း

ခံတွင်းနံ့ဆိုးရတဲ့အကြောင်းရင်းနဲ့ ဖြေရှင်းနိုင်မယ့် သဘာဝနည်းလမ်း

အိပ်ယာမဝင်ခင် ပန်းသီးရှာလကာရည်ကို စားပွဲတင်ဇွန်း တစ်ဇွန်းသောက်ပေးပါ။ ပါးစပ်အတွင်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာ ကြောင့် အာပုပ်ဆော်နံတာကို ပျောက်ကင်းစေပါတယ်။