ပေါင်အတွင်းသားက အဆီတွေကို ချေဖျက်နိုင်ဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်း ကို ဖျော်ပြပေးသွားမှာဖြစ်ပါတယ်။ ပေါင်နားမှာ အဆီတွေကို ချေဖျက်ဖို့ဆိုတာ လေ့ကျင့်ခန်းတစ်ခုတည်းနဲ့မရပါဘူး။ ၄ မျိုး ၅မျိုးလောက် လုပ်ပေးရပါတယ်။ ဒါ့အပြင် အစားအသောက်လည်း ဂရုစိုက်ပါနော်။

ပုံစံ ၁

ကြမ်းပြင်မှာလှဲချလိုက်ပြီး လက်နှစ်ဖက်ကို ဘေးမှာချထားပါ။ ပြီးရင် ခြေထောက်ကို “မ” ပါ။ ခြေထောင်နှစ်ဖက်ကို ကြက်ခြေခတ်လိုပုံစံမျိုး တစ်ဖက်ဆိုပြောင်းပြီး ၁၀ ခေါက်လောက်လုပ်ပေးပါ။ တစ်ဖက်တစ်ဖက်ဆီကို ၁၀ ကြိမ်ဆက်တိုက်ပြောင်းပေးရမှာဖြစ်ပါတယ်။ ၃ ကြိမ်လုပ်ပါ။

ပုံစံ ၂

ကိုယ်ကို မတ်မတ်ရပ်ပါ။ လက်နှစ်ဖက်ကို ချထားပါ။ (သို့) ခါးထောက်ထားပါ။ ပြီးရင် ဘယ်ဖက်ခြေထောက်ကိုအရှေ့ကိုတိုးပါ။ ညာဖက်ကို ကြမ်းပြင်နဲ့ထိလိုက်ပါ။ ဘယ်ညာလုပ်ပေးပါ။ တစ်ဖက်ကို ၁၅ ချက်ဆီဖြစ်ပါတယ်။

ပုံစံ (၃)

ကြောကိုလှဲချလိုက်ပါ။ ဒူးနားမှာ ပလတ်စတစ်ဘောလုံးညှပ်ထာပေးပါ။ လက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ဖိထားပြီး နောက်ကျောကနေ ခန္တာကိုယ်အောက်ပိုင်းကိုကြွပါ။ အဲဒီအတိုင်း စက္ကန့် ၃၀ ကနေ ၆၀ ထိနေပါ။ ပြီးရင် ပြန်ချပါ။ ၅ ကြိမ်လုပ်ပေးပါ။

ပုံစံ (၄)

ခန္တာကိုယ်ကို ဘေးတိုက်လှဲချလိုက်ပါ (ဘယ်ဖက်ကို လှဲချပါ)။ လက်က ခေါင်းကို ထောက်ထားပါ။ ညာဖက်ကခြထောက်ကိုအရှေ့ထုတ်လိုက်ပါ။ ပြီးရင် ဘယ်ဖက်ခြေထောက်ကို ဘေးတိုက် မြောက်လိုက်ချလိုက်လုပ်ပေးပါ။ တစ်ဖက်ဆီကို ၁၀ ကြိမ်လုပ်ပါ။

ပုံစံ (၅)

လေ့ကျင့်ခန်းလုပ်တဲ့ မျော့ကြိုးပျော့ တစ်ချောင်းလိုပါတယ်။ အဲဒါကို လက်နှစ်ဖက်နဲ့ ကိုင် ခြေထောက်နှင်းထားပြီး ခြေထောက်ကို အနောက်သို့ ရွှေ့ပေးပါ။ ဘယ်ညာပြောင်းလုပ်ပါ။ တစ်ဖက်ဆီကို ၁၀ ကြိမ်ဖြစ်ပါတယ်။

ပုံစံ (၆)

လေ့ကျင့်ခန်းလုပ်တဲ့ မျော့ကြိုးအဝိုင်းကို သုံးလည်းရပါတယ်။ မသုံးဘဲနဲ့ လုပ်လည်းရပါတယ်။

ခြေထောက်နှစ်ဖက်ကိုတည့်တည့် အပေါ် မြောက်လိုက်ပါ။ ပြီးရင် ဘေးဖက်ကိုကားလိုက် စုလိုက်လုပ်ပေးပါ။ ၁၀ ကြိမ်လောက်လုပ်ပေးပါ။

Featured Image Source: Live Osumly