ကျွန်မတို့ မြန်မာအမျိုးသမီးအများစုက ပေါင်ရင်းတုတ်ကြတာများပါတယ်။ စာဖတ်သူတို့ရဲ့ ပေါင်ရင်းနားက အဆီကျစေပြီး ပေါင်တံသွယ် စေမယ့်အပြင် တင်သားကို ကျစ်လျစ်လှပစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးသွားမှာပါ။

၁။ ၄ ကီလို အတုံးသေး (၂) တုံးကို ကိုင်ထားပြီး အရင်ဆုံး ခြေထောက်နှစ်ဖက်ကို မတ်မတ်ရပ်ပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို ရှေ့တိုးပြီး ကျန်တစ်ဖက်ကိုလည်း နိမ့်ချလိုက်ပါ။ ပြီးရင် ခြေထောက်ကို နောက်ပြန်ဆုတ်ပြီး နောက်တစ်ဖက်လုပ်ပါ။ အဲဒီအတိုင်း ၁၀ ကြိမ် ၄ ကြော့ လုပ်ပေးပါ။

၂။ အရင်ဆုံး ခြေထောက်မတ်မတ်ရပ်ထားပြီး တစ်ဖက်ကို ရှေ့တိုးကျန်တစ်ဖက်ကို အောက်ဖက်နှိမ့်ချလိုက်ပါ။ ပြီးရင် အပေါ်ခုန်ပေးပါ။ ပြီးရင် မတ်မတ်ပြန်ရပ်ပြီး နောက်တစ်ဖက်ပြောင်းလုပ်ပါ။ တစ်ဖက်ဆီကို ၁၀ ကြိမ်လုပ်ပေးရမှာဖြစ်ပြီး ၄ ကြော့လုပ်ပေးပါ။

၃။ ၄ ကီလို အတုံးသေးတစ်တုံးကို မထားမှာဖြစ်ပါတယ်။ ပြီးရင် ဘယ်ဖက် ခြေထောက်ကို အတုံးကိုင်ထားတဲ့ လက်ကို တစ်ဖက်က ခြေထောက်နားထိပေးပါ။ အဲဒီအတိုင်း ၁၀ ကြိမ်ထိလုပ်ပေးပြီး ကျန်တစ်ဖက်ပြောင်းပါ။ တစ်ဖက်ဆီကို ၁၀ ကြိမ် ၄ ကြော့လုပ်ပေးရမှာပါ။

၄။ အရင်ဆုံး လေးဖက်ထောက်ထားလိုက်ပါ။ ပြီးရင် ဒူးတစ်ဖက်ထောက်ထားညပီး ကျန်တဲ့တစ်ဖက်ကို တန်းတန်းဆန့်ထားပါ။ အဲဒီနောက် အဲဒီခြေထောက်ကို အပေါ်မြောက်လိုက် ချလိုက်လုပ်ပေးပါ။ တစ်ဖက်ကို ၁၀ ကြိမ်ဆီ ၄ ကြော့လုပ်ပေးပါ။

ပေါင်းရင်းက အဆီကျစေပြီး တင်သားကျစ်လျစ်လှပစေမယ့် ရိုးရှင်းလွယ်ကူတဲ့ လေ့ကျင့်ခန်းတွေ

၅။ အရင်ဆုံး ဘေးစောင်းလှဲနေလိုက်ပါ။ ခြေထောက်နှစ်ဖက်ကို မတ်မတ်ဆန့်ထားပါ။ ပြီးရင် တစ်ဖက်ကို မြောက်ပေးပါ။ ၁၀ ကြိမ်ထိလုပ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်နောက်တစ်ဖက်ပြောင်းပေးပါ။ ၄ ကြော့လုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက ပေါင်ရင်းအပြင်ဖက်နဲ့ တင်သားကို ဘေးကားစေဖို့ အကူအညီဖြစ်စေပါတယ်။

၆။ စောစောကလိုပဲ ကျောလှဲနေလိုက်ပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကိုအရှေ့မှာထားပြီး လက်တစ်ဖက်နဲ့ ထိန်းထားပါ။ အဲဒီနောက် ကျန်တစ်ဖက်ကို မြောက်ပေးပါ။ တစ်ဖက်ကို ၁၀ ကြိမ်ဆီလုပ်ပေးရမှာဖြစ်ပါတယ်။ ၄ ကြော့လုပ်ပေးပါ။ ပေါင်အတွင်းသားကအဆီကို ကျစေမှာဖြစ်ပါတယ်။