မင်္ဂလာပါ ပျိုမေတို့ရေ… ခန္ဓာကိုယ်အချိုးအစားလှပပြေပြစ်ဖို့အတွက် Gym ဆော့မယ်လို့စဉ်းစားထားပါသလား။ အခုမှစပြီးတော့ ဆော့မယ့်သူတွေပဲဖြစ်ဖြစ်၊ ဆော့နေကျဖြစ်နေတဲ့သူတွေပဲဖြစ်ဖြစ် အားလုံးသိထားသင့်တဲ့ အကြောင်းအရာလေးကို ဖော်ပြပေးချင်ပါတယ်။ အဲဒါကတော့ Gym ဆော့တာနဲ့ပတ်သက်ပြီး ဆော့သင့် မဆော့သင့်တော့တဲ့အချက်တွေပါ။

တစ်လလုံးနေလို့တစ်ကြိမ်တောင်မရောက်ဖြစ်သေးဘူးဆိုရင်

ပြန်ပြီးတော့စဉ်းစားကြည့်ပါ။ ဘာကြောင့် Gym ကိုမရောက်ဖြစ်တာလဲဆိုတာကို သေချာပြန်ပြီးတော့ သုံးသပ်ကြည့်လိုက်ပါ။ အချိန်မရတာကြောင့် လား ဒါမှမဟုတ် တစ်ခြားအကြောင်းပြချက်တစ်ခုခုကြောင့်ဆိုရင်တော့ နောက်လတွေမှာလည်းဆက်ပြီးတော့ မသွားနိုင်တော့ဘူးဆိုရင် သင်တန်းကြေးသွားပြီး သွင်းမနေပါနဲ့တော့။

လူတွေအများကြီးရှိနေတာကို မကြိုက်တဲ့သူဆိုရင်

သင်က Gym ကိုရောက်သွားပြီးမှာ လူတွေရှေ့မှာ လေ့ကျင့်ခန်းလုပ်ရတာကို စိတ်မသက်မသာဖြစ်နေတတ်တဲ့သူဆိုရင်လည်း Gym အတွက် သင်တန်းကြေးတွေကို ထပ်ပြီးတော့သွင်းထားမနေပါနဲ့တော့။

သူငယ်ချင်းမရှိဘူးဆိုရင်

Gym ဆော့တယ်ဆိုတာ အဖော်လေးတစ်ယောက်လောက်တော့ရှိနေမှ ပိုပြီးတော့စိတ်အားထက်သန်မှာလေ။ Gym သွားပြီး တစ်ယောက်ထဲ ကြောင်တောင်တောင်ဖြစ်နေတာထက်စာရင် သူငယ်ချင်းတစ်ယောက်လောက်ရှိတော့ ပိုပြီးတော့သက်တောင့်သက်သာဖြစ်စေတာပေါ့။ ဒါကြောင့် သူငယ်ချင်းတွေက အခုသင်ဆော့နေတဲ့ Gym မှာမရှိနေဘူးဆိုရင် ပြောင်းလိုက်ပါ။

အရမ်းဈေးကြီးနေရင်

သင့်အနေနဲ့ နေ့တိုင်း Gym ကိုမရောက်ဖြစ်နေတဲ့သူဆိုရင်တော့ ဈေးအရမ်းကြီးလွန်းတဲ့ Gym မျိုးကိုမရွေးချယ်တာ အကောင်းဆုံးပါ။ အချိန်တိုင်းလည်းမသွားဖြစ်ပဲ ဈေးကြီးပေးပြီးပိုက်ဆံတွေကို သွင်းထားမယ်ဆိုရင် သက်သက်ဖြုန်းတီးသလို ဖြစ်နေပါလိမ့်မယ်။

သပ်ရပ်မှုမရှိနေရင်

Gym ဆိုတာမျိုးက သပ်ရပ်မှုရှိပြီး ကောင်းမွန်တဲ့ပစ္စည်းမျိုးတွေကိုပဲ သုံးထားတဲ့ Gym မျိုးဖြစ်နေမှ ပိုပြီးတော့သွားချင်စိတ်ဖြစ်ပြီး Gym ဆော့ဖို့ ကိုလည်း ပိုပြီးတော့စိတ်အားထက်သန်စေမှာပေါ့။ ဒါကြောင့် Gym ရွေးတဲ့အခါမှာလည်း သန့်ရှင်းမှုရှိပြီး ပစ္စည်းကောင်းတွေရှိတဲ့ Gym မျိုးကိုပဲ ရွေးချယ်ပါ။

Photo Source: Shutterstock