အားလုံးပဲ မင်္ဂလာပါနော်။ ဒီလိုမျိုး အပူချိန်တွေမြင့်မားပြီး အလွန့်အလွန်ပူအိုက်တဲ့နွေရာသီမှာ ချွေးထွက်များပြီး ရေဓာတ်ကုန်ဆုံးလာနိုင်ပါတယ်။ ကုန်ခမ်းသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် ရေဓာတ်အပြည့်ပါတဲ့ ဖရဲသီးဖျော်ရည်လေးကို သောက်သုံးပေးခြင်းက ရင်ကိုအေးမြစေရုံသာမက ကျန်းမာရေးကိုလည်း အထူးကောင်းမွန်စေပါတယ်။

ဖရဲသီးအပြင် အခြားကောင်းမွန်တဲ့ အသီးအနှံတွေလည်း ပေါင်းစပ်ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံသာမက ကိုယ်အလေးချိန်လျော့ကျဖို့လည်း ကူညီပေးပါတယ်။

ပါဝင်ပစ္စည်းများ

ဖရဲသီး

သခွားသီး

ပူစီနံ

အုန်းရည်

သံပရာရည်

ရေခဲတုံး

ဓား၊ ကြိတ်စက်၊ တိုင်းတာခွက်၊ ဇွန်း

ပြင်ဆင်ပြုလုပ်ပုံအဆင့်ဆင့်

၁။ ဖရဲသီးအတုံးလေးတွေ ၂ ခွက်ကို ကြိတ်စက်ထဲထည့်ပေးပါ။

၂။ ခွက်တစ်ခွက်ရဲ့ နှစ်ပုံတစ်ပုံရှိသည့် အုန်းရည်ကိုလည်း လောင်းထည့်ပါ။

၃။ အခွံခွာပြီး လှီးပြီးသား သခွားသီးအတုံးလေးတွေကိုပါ ကြိတ်စက်ထဲထည့်သွင်းပါ။

၄။ ထမင်းစားဇွန်း ၂ ဇွန်းခန့်ရှိသည့် ပူစီနံအရွက်လေးတွေကိုလည်း ချွေပြီးထည့်ပေးပါ။

၅။ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုလည်း ပေါင်းထည့်ပါ။

၆။ ပါဝင်ပစ္စည်းအားလုံးကို ၁ မိနစ်ခန့်ကြိတ်ပေးပါ။

၇။ ပြီးလျှင် ရေခဲတုံးလေးတွေကို ရောထည့်ကာ နောက်တစ်ကြိမ်ထပ်ကြိတ်ပါ။

၈။ ရေခဲတုံးများ ကြေသွားပြီဆိုလျှင် ခွက်ထဲပြောင်းထည့်ပြီး သောက်သုံးနိုင်ပါပြီ။

ဒီလိုမျိုး အေးမြပြီး ရေဓာတ်ဖြည့်စွမ်းပေးတဲ့ ဖရဲသီးဖျော်ရည်ကို ကြိုက်နှစ်သက်သည့်အချိန်မှာ သောက်သုံးနိုင်ပါတယ်။ အရသာအလွန်ရှိပြီး ကယ်လိုရီနည်းပါးကာ အာဟာရဓာတ်မြင့်မားသည့်အတွက် အားအင်ကိုဖြည့်တင်းပေးနိုင်ပါတယ်။

Credit: Top10HomeRemedies