လူတွေမှာ A , B , O, AB ဆိုပြီး အကြမ်းမျဉ်းအားဖြင့်တော့ သွေးအမျိုးအစား ၄ မျိုးရှိပါတယ်။

O သွေးအမျိုးအစား

O သွေးအမျိုးအစားရှိတဲ့သူတွေဟာ ပရိုတင်းဓါတ်များများပါတဲ့ အစားအစာတွေကို များများစားပေးသင့်ပါတယ်။ အသီးအရွက်တွေ၊ အမည်းသားတွေနဲ့ ကြက်၊ဘဲ စတာတွေကို စားပေးသင့်ပါတယ်။

အနီရောင်ရှိတဲ့အသားတွေ၊ ပင်လယ်စာတွေ၊ ပန်းမုန်လာတွေနဲ့ Spinach ရွက်တွေ စားပေးသင့်ပါတယ်။ ဝိတ်ချချင်တယ်ဆိုရင်တော့ ပြောင်းဖူး၊ ဂျုံ၊ မုန်လာထုတ်၊ ပဲဟင်းနဲ့ အငန်စာတွေကို ရှောင်ပေးပါ။

A သွေးအမျိုးအစား

A သွေးအမျိုးအစားရှိသူအများစုဟာ အသီးအရွက်နဲ့ သက်သက်လွှတ်ကြိုက်တာများပါတယ်။  A သွေးအများအစာတွေဟာ ပဲသီး၊ ဆန်၊ အသီး နဲ့ အရွက်တွေများများစားပေးသင့်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချချင်တယ်ဆိုရင်တော့ ပဲအမျိုးမျိုး၊ အသီးအရွက်၊ နာနတ်သီးစားပေးသင့်ပြီး အသား များများစားတာကို ရှောင်ပေးပါ။

B သွေးအမျိုးအစား

B သွေးအမျိုးအစားရှိတဲ့သူတွေဟာ အစာချေစနစ်ကောင်းမွန်ပါတယ်။ အနီရောင်အသားတွေ စားပေးသင့်ပါတယ်။ နို့ထွက်ပစ္စည်း၊ ဒိန်ချဉ် ၊ ချိစ် နဲ့ နွားနို့ စတာတွေ စားပေးပါ။

AB သွေးအမျိးအစား

အေဘီသွေးအမျိုးအစားရှိတဲ့သူတွေက ရှားပါးသွေးအမျိုးအစားဖြစ်ပါတယ်။ အစာချေစနစ်ကောင်းမွန်ပါတယ်။ အသားများများစားပေးတာထက် အသီးအရွက်စားပေးတာပိုကောင်းပါတယ်။ နို့ထွက်ပစ္စည်းနဲ့ အသီးတွေစားပေးပါ။