လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကျန်းမာရေးအတွက် များစွာအကျိးကျေးဇူးရှိနေပြီး အဲဒီလေ့ကျင့်ခန်းတွေထဲမှာ Squats ဆိုတဲ့ ‌လေ့ကျင့်ခန်းလည်း ပါဝင်ပါတယ်။ အဲဒီ ထိုင်ထလေ့ကျင့်ခန်းအား ခန္ဓာကိုယ်အတွက် များစွာအကျိုးကျေးဇူးရှိနေပြီး ခန္ဓာကိုယ်အချိုးအစားကိုလည်း လှပစေပါတယ်။

တင်သား၊ ပေါင်သားကိုလှပစေပြီး ခြေထောက်နဲ့ တင်နားက အရိုးတွေကိုလည်း သန်မာစေပါတယ်။ အခုလို လေ့ကျင့်ခန်းလုပ်ပေးတာဟာ ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာနဲ့ပတ်သတ်လို့ မျှဝေပေးသွားပါမယ်။

၁။ ကြွက်သားတွေကို သန်မာစေခြင်း

ပေါင်သား၊ ဒူးနဲ့ တင်နားက ကြွက်သားတွေကို သန်မာစေပါတယ်။ အဆီကျပြီး ကြွက်သားတက်စေလို့ သင့်ကို ကျစ်လျစ်လှပစေမှာဖြစ်ပါတယ်။

၂။ ပေါင်သားနဲ့ တင်သားကို ကျစ်လျစ်လှပစေခြင်း။

ကြွက်သားတည်ဆောက်မှုကို မြန်ဆန်စေပြီး ပေါင်သားနဲ့ တင်သားက ကြွက်သားတွေကို ကျစ်လျစ်လှပစေပါတယ်။

၃။ ခန္ဓာကိုယ်အချိုးအစားမှန်စေခြင်း

ကိုယ်အလေးချိန်လည်းမှန်စေပြီး သင့်ကို ပိုပြီး ချပ်ချပ်ရပ်ရပ်ဖြစ်စေပါတယ်။ ဝမ်းဗိုက်က ကြွက်သားတွေအတွက်လည်းကောင်းမွန်ပါတယ်။ ကြွက်သားတွေ သန်မာမယ်ဆိုရင် ထိခိုက်နာကျင်မှုတွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄။ ခါးအတွက်ကောင်းမွန်တယ်။

အခုလို ထိုင်ထလေ့ကျင့်ခန်းဟာ သင့်ရဲ့ ကိုယ်ဟန်အနေအထားကို ကောင်းမွန်စေသလို ခါးအတွက်လည်း ကောင်းမွန်ပါတယ်။

၅။ ရွေ့လျားသွားလာမှုအတွက်ကောင်းမွန်ခြင်း

ထိုင်ထလေ့ကျင့်ခန်းလုပ်တာဟာ ရွေ့လျားသွားလာမှုအတွက်ကောင်းမွန်ပါတယ်။ တင်၊ ခြေဆစ်နဲ့၊ ဒူးခေါင်းနာကျင်မှုကို သက်သာစေသလို ခါးနာတာကိုလည်း သက်သာစေပါတယ်။ အရိုးအဆစ်တွေအတွက်လည်း ကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။

ထိုင်ထလေ့ကျင့်ခန်းကို အလေးတုံးမပြီးလုပ်ပေးလို့ရသလို အလေးတုံးမပါဘဲနဲ့လည်း လုပ်ပေးလို့ရပါတယ်။