ဆံပင်အရမ်းပါးနေလို့ စိတ်ညစ်နေလား။ ဆံပင်ပါးလို့ ဈေးကြီးတဲ့ စပါးတွေ၊ ဆံပင်သန်စေတဲ့ ဆေးတွေသုံးပေမယ့် ကိုယ့်အတွက် အသုံးမဝင်ဘူးဖြစ်နေလား။

ဒါဆိုရင်တော့ အခုလို စိတ်မကျေနပ်မှုတွေဖြစ်စေတဲ့အရာတွေ မေ့လိုက်ပြီး သဘာဝနည်းလမ်းလေးကို ပြောင်းသုံးကြည့်ပါ။

အာလူး

အာလူးဟာ ဆံသားကို တောက်ပြောင် စိုပြေစေပါတယ်။ ဒီတော့ မီးဖိုချောင်ကနေပဲ အလှအပ ပစ္စည်းတွေကို ရှာဖွေလိုက်ပါ။

ပြုလုပ်နည်း

အာလူးအသေး ၂ လုံး (သို့) အကြီး ၁ လုံး

၁။ အာလူးကို အခွံနွှာပြီး အတုံးလိုက်လှီးလိုက်ပါ။

၂။ အဲဒီနောက် ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ ရေအနည်းငယ်ထည့်ပါ။

၃။ ရေဆစ်တဲ့ ဇကာကို သုံးပြီး ရေစစ်ချပါ။

၄။ ပုံမှာပြထားတဲ့ ဝါဂွမ်းဖတ်ကို အာလူးရည်နဲ့ စိမ်ပြီး ဦးရေပြားပေါ်မှာလိမ်းပေးပါ။

အရင်ဆုံး ဦးရေပြားပေါ်မှာ နှံ့အောင်လိမ်းပေးရမှာဖြစ်ပါတယ်။

၅။ ဆံနွယ်အဖျားကိုလည်း အားလူးရည် စွတ်ပေးပါ။

၆။ ပြီးရင် ဆံပင်ကို မိနစ် ၂၀ လောက်ပေါင်းပေးထားရမှာဖြစ်ပါတယ်။

တစ်လလောက်ဆိုရင်တော့ ထူးထူးခြားခြား သိသာလာမှာဖြစ်ပြီး ဆံပင်တွေ ထူကာ တောက်ပြောင်လာပါလိမ့်မယ်။

Image and Video: wellordie.com