Miss Grand Myanmar ၂၀၁၃ ရရှိထားပြီး နိုင်ငံ့လက်ရွေးစင် ဂျွမ်းဘားမယ်ဟောင်း တစ်ဦးလည်းဖြစ်တဲ့ အလှမယ် ထားထက်ထက်က ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။


ဘားအံမြို့ ဇွဲကပင်တောင်ခြေမှာ မနက်ခင်း Garnier Campaign ရဲ့ Activities ထဲကတခုဖြစ်တဲ့ Yoga လေ့ကျင့်ခန်းလုပ်နေပုံတွေကို တင်ရင်းနဲ့ အခုလိုမျိုး ရေးသားထားတာပါ။

မနက်စောစော Yoga လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်အတွက်ရော စိတ်အတွက်ပါ အရမ်းပေါ့ပါးလန်းဆန်းပြီး တကယ်ကောင်းတယ်ရှင့်
စမ်းကြည့်နော်  လို့သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားထားတာဖြစ်ပါတယ်။



အလှမယ် ထားထက်ထက်ဟာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ ကျန်းမာရေးလိုက်စားတာနဲ့ ပတ်သက်လို့ သူမရဲ့ လှုပ်ရှားမှုတွေကို မကြာခဏဆိုသလို မျှဝေလေ့ရှိပြီး အားကစား၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးလိုက်စားဖို့ တိုက်တွန်းနေတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။


ထားထက်ထက်ဟာ ၂၀၁၃ ခုနှစ်က Miss Grand International Myanmar ဆုကိုရရှိခဲ့ပြီး Miss Popular Award, People Choice Award ဆုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာလည်း ကလေးတွေကို ဂျွမ်းဘား သင်ပေးနေတာဖြစ်ပါတယ်။