နှုတ်ခမ်းသားခြောက်သွေ့တာနဲ့ နှုတ်ခမ်းညိုတဲ့ ပြဿနာဟာ တကယ်ကိုအနှောင့်အယှက်ဖြစ်စရာကောင်းလှပါတယ်။

sugar-honey

မြန်မာတို့ရဲ့ အိမ်တိုင်းမှာ ရှာရလွယ်ကူပြီး ရိုးရှင်းတဲ့နည်းလမ်းလေးနဲ့ နူးညံ့ပြီး ပန်းသွေးရောင်သန်းတဲ့ နှုတ်ခမ်းသားလေးကို အရယူလိုက်ရအောင်ပါ။

နည်းလမ်းနှစ်သွယ်

၁။ သကြား

sugarlipsW

သကြားမှာ သဘာ၀ နူးညံ့မှု ဓါတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် ဆဲလ်အသေတွေကိုဖယ်ရှားပေးနိုင်ပြီး နှုတ်ခမ်းခြောက်တာ ညိုတာတွေကိုသက်သာစေပါတယ်။

သကြားကို ပျားရည်လက်ဖက်ရည်ဇွန်းနဲ့ရောပြီး နှုတ်ခမ်းပေါ်မှာလိမ်းပေးပါ။ ပြီးရင် လက်လေးနဲ့ ညှင်သာစွာပွတ်ပေးပါ။ စက္ကန့်အနည်းငယ်လောက်ထားပြီး ရေနွေးနဲပဆေးချပါ။

၂။ ပျားရည်

Honey

ပျားရည်မှာ အစိုဓါတ်တွေအများအပြားပါဝင်ပြီး နှုတ်ခမ်းခြောက်သွေ့တာနဲ့ နုတ်ခမ်းညိုတာတွေကို သက်သာစေပါတယ်။ ဒါ့ကြောင့် ပန်းသွေးရောင်သန်းတဲ့ နှုတ်ခမ်းပိုင်ရှင်တွေအတွက် အားထားစရာ တစ်ခုပါပဲ။ ပျားရည်ကို နှုတ်ခမ်းပေါ်မှာလိမ်းပေးရမှာပါ။တစ်နေ့ကို အကြိမ်ပေါင်းများစွာလုပ်နိုင်ပါတယ်။