လမ်းလျှောက်ပေးပါ။

လမ်းလျှောက်ခြင်းက အစာခြေဖျက်ရာတွင် အထောက်အပံ့ဖြစ်စေကာ ခန္ဓာကိုယ်အတွင်းစုဝေးနေသည့် အဆီများကိုဖယ်ရှားရန် အကူအညီပေးနိုင်ပါတယ်။

နောက်တနပ်ကို ပေါ့ပေါ့ပါးပါးစားပါ။

အကယ်၍ အလွန်အကျူးစားသုံးမိသည်ဆိုပါက နောက်တစ်နပ်အတွက် အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါးစားပေးပါ။ ဟင်းသီးဟင်းရွက်များ ကဲ့သို့ ကယ်လိုရီနည်းပါးသည့်အစာများကို ထည့်သွင်းစားသုံးပေးပါ။

အခြားနေ့များအတွက် ကယ်လိုရီများကိုတိုင်းတာမှတ်သားပါ။

စားသုံးခဲ့သမျှ ကယ်လိုရီပမာဏစုစုပေါင်းကို မှတ်သားထားခြင်းသည် နောက်တနပ်အစာစားသုံးသည့်အခါ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ရန် အထောက်အကူဖြစ်စေသောကြောင့် ကိုယ်အလေးချိန်တက်ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ယောဂလေ့ကျင့်ခန်းဖြင့် စိတ်ဖိစီးမှုကိုငြိမ်သက်စေပါ။

အစားအလွန်အကျူးစားသုံးပြီးသည့်နောက်မှာ ခန္ဓာကိုယ်သည် အလွန်စိတ်ဖိစီးမှု သက်ရောက်နိုင်ပါတယ်။ Iyengar စတိုင်ရောဂကိုပြုလုပ်ပေးခြင်းက Irritable Bowel Syndrome လက္ခဏာများ၊ ဝမ်းဗိုက်နာကျင်မှုများ၊ မူးဝေမှု၊ ဝမ်းချုပ်မှုနှင့် အခြားပြဿနာများကို သက်သာမှုရရှိစေပါတယ်။