မင်္ဂလာပါနော်။ Gym တကူးတကသွားဖို့အချိန်မပေးနိုင်ဘူး။ ဒါမှမဟုတ် တခါတလေ Gym သွားဖို့အချိန်မရှိလို့ မိမိအိမ်မှာပဲ အလွယ်တကူ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပေးချင်တယ်ဆိုရင်တော့ နည်းလမ်းကောင်းလေးကို မျှဝေပေးချင်ပါတယ်။

၁။ ရေသန့်ဘူး

ရေသန့်ဘူး ၁ လီတာဘူး ကို ရေအပြည့် (သို့) သဲအပြည့်ဖြည့်လိုက်ပါ။ ပြီးရင် အလေးတုံးမသလို မပေးနိုင်ပါတယ်။ လက်နှစ်ဖက်ကို ကိုယ်နဲ့ကပ်ပြီး တည့်တည့်မတာ၊ (သို့) စုလိုက် ဘေးထက်ကားလိုက် မတာမျိုးလုပ်နိုင်ပါတယ်။

၂။ လှေကားထစ်

လှေကားထစ်ကလည်း ခြေသလုံးနဲ့ ပေါင်းသားအတွက် လေ့ကျင့်ခန်းလုပ်ပေးနိုင်တဲ့နေရာလေးပါ။ လှေကားထစ်ကို အတက်အဆင်းလုပ်ပေးနိုင်ပါတယ်။ လှေကားထစ် ပထမတစ်ထစ်နဲ့ ခြေထောက်ကို အပေါ်တင်လိုက် ကွေးလိုက် လုပ်ပေးနိုင်ပါတယ်။

၃။ ကုလားထိုင်

ကုလားထိုင်တော့ လူတိုင်းရဲ့အိမ်မှာရှိကြမယ်ထင်ပါတယ်။ ကုလားထိုင်နဲ့လည်း လေ့ကျင့်ခန်းလုပ်ပေးလို့ရပါတယ်။ လက်နှစ်ဖက်ကို နောက်ပစ် ကုလားထိုင်ပေါ်တင်ထားပြီး တင်ကို နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အပေါ်တက်လိုက် အောက်ချလိုက်လည်းလုပ်ပေးလို့ရပါတယ်။ ခုံပေါ်မှာထိုင်ပြီး လက်နှစ်ဖက်ကို နောက်ကိုင်ထားကာ ခြေထောက်နှစ်ဖက်ကိုစုပြီးဒူးကို အပေါ်ကွေးလိုက် အောက်ချလိုက်လည်း လုပ်ပေးလို့၇ပါတယ်နော်။

၄။ တဘက်

တဘက်မတိုမရှည်ကို အပေါ်ကနေ ကိုင်ပြီး ခါးလေ့ကျင့်ခန်းလုပ်ပေးလို့ရပါတယ်။ အခုပုံမှာပြထားသလိုပါပဲ။ ခါးနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဘေးတိုက် ယိမ်းပြီးလေ့ကျင့်ခန်းလုပ်ပေးလို့ရပါတယ်။

၅။ တံမြက်စည်း (သို့) ပိုက်လုံးတစ်ခုခု

တံမြက်စည်း (သို့) ပိုက်လုံးတစ်ခုခုကို ကိုင်ပြီး Squat ထိုင်ပေးလို့ရပါတယ်။ ပုခုံးပေါ်မှာတင်ပြီး ထိုင်ပေးလို့ရသလို အခုပုံမှာပြထားသလို အပေါ်မြောက်လိုက် ရင်ဘတ်နားချလိုက် လုပ်ပေးလို့ရပါတယ်။

နောက်ထပ် မိမိအိမ်မှာလုပ်ပေးလို့ရတဲ့လေ့ကျင့်ခန်းတွေကတော့ အိပ်ထမတင်တို့လို ဝမ်းဗိုက်လေ့ကျင့်ခန်းတွေ၊ Squat ထိုင်တာတွေ။ Plank ထောက်တာတွေလည်းပါဝင်ပါတယ်။