သင့်အသားအရေ ကြည်လင်စေဖို့အတွက် အမျိုးမျိုး အလှကုန်ပစ္စည်းတွေကို အသုံးပြုကြပါတယ်။ သင့်အသားအရေဟာ ဆဲလ်သေတွေ အများကြီးရှိနေတာမို့ ဆဲလ်သေတွေကို ဖယ်ရှားပေးမှ ဆဲလ်သစ်တွေဖြစ်ပေးပြီး အသားအရေကို ကြည်လင်တောက်ပစေမှာဖြစ်ပါတယ်။
၁။ ပါဝင်ပစ္စည်း
အုတ်ဂျုံ စားပွဲတင်ဇွန်း ၂ ဇွန်း
ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကို ရောလိုက်ပြီးသေချာမွှေလိုက်ပါ။ ပြီးရင် အသားအရေပေါ်မှာ လိမ်းပေးပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ထားကာ ရေအေးအေးနဲ့ဆေးချလိုက်ပါ။
(နောက်ထပ်တစ်မျိုးကတော့ ဒိန်ချဉ်မထည့်ဘဲ အုတ်ဂျုံ၊ ပျားရည်၊ သံပုယိုရည်နဲ့ ရေနည်းနည်းရောပြီး လိမ်းပေးလည်းရပါတယ်။)
၂။ ပါဝင်ပစ္စည်း
ကော်ဖီမှုန့်ကြမ်း စားပွဲတင်ဇွန်း ၃ ဇွန်း
သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေအားလုံးကိုရောပြီးသေချာမွှေလိုက်ပါ။ ပြီးရင် မျက်နှာ လည်ပင်း၊ ဒူး၊ လက်တဒေါင်တို့ကို ညင်သာစွာပွတ်ပေးပါ။ ၅ မိနစ်ကနေ ၁၀ မိနစ်ထိထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၁ ကြိမ်လုပ်နိုင်ပါတယ်။