နွေရာသီလို ဥတုတစ်ခုထဲမှာပဲ နေလောင်ဒဏ်ကို ကြုံတွေ့ရတာ မဟုတ်ပါဘူး။ ဥတုသုံးခုလုံးမှာလည်း ရင်ဆိုင်ရတတ်ပြီး အသားအရေမှာ အကွက်ကွက်တွေ၊ မည်းညစ်တာတွေ ဖြစ်ပေါ်လာပြီး ကိုယ့်ရဲ့အသွင်အပြင်ကိုသာမက အလွန်ဆိုးရွားလာရင် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။

အတတ်နိုင်ဆုံး နေပူထဲမထွက်မိအောင် ကြိုးစားမယ်၊ နေလောင်ဒဏ်ကာကွယ်ပေးမယ့် အသုံးအဆောင်ပစ္စည်းတွေ ဒါမှမဟုတ် နေလောင်ခံခရင်မ်တွေ လိမ်းပေးမယ်ဆိုရင်တော့ နေလောင်ဒဏ်မှကာကွယ်ပေးနိုင်ပေမယ့် ထိုအရာတွေနဲ့နည်းတူ ချန်ရစ်မထားသင့်တာကတော့ သင်စားသောက်နေတဲ့ အစားအစာတွေပါပဲ။

၁။ ကညွတ်

အစိမ်းရောင်ရှိပြီး အပင်ရှည်သဏ္ဍာန်ရှိတဲ့ ကညွတ်မှာလည်း ဗီတာမင်အီးပါဝင်ပြီး ဆဲလ်တွေပျက်စီးစေတဲ့ Free Radicals တွေကို လျော့ပါးစေရာမှာ အထောက်အကူဖြစ်စေပါတယ်။

၂။ ဆယ်လ်မွန်

အသားအရေကို နေလောင်ခြင်းမှ ကာကွယ်နိုင်ဖို့အတွက် Antioxidant ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးဖို့ အရေးကြီးသလို တစ်ဖက်တစ်လမ်းမှလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေကို သုံးစွဲပေးဖို့လိုပါတယ်။ ဆယ်လ်မွန်၊ တူနာ၊ သစ်ကြားသီးနှင့် နှမ်းကြတ်စေ့တို့ဟာ အိုမီဂါသရီးပါဝင်ပြီး အသားအရေအောက်မှာ ကောင်းမွန်တဲ့အဆီတစ်လွှာကို ဖြစ်ပေါ်စေတာကြောင့် အသားအရေပျက်စီးခြင်းနှင့် အိုမင်းခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ကန်စွန်းဥ

နေလောင်ဒဏ်မှတဆင့် ပေါ်ပေါက်လာတဲ့ ရောင်ခြည်လှိုင်းတွေဟာ ကင်ဆာဖြစ်ပေါ်စေပြီး အသားအရေပေါ်က ဆဲလ်တွေကိုသာပျက်စီးစေတာမဟုတ်ဘဲ ခန္ဓာကိုယ်တွင်းက ဆဲလ်တွေကိုလည်း ထိခိုက်စေပါတယ်။ ဒီလိုပြဿနာတွေမဖြစ်လေရအောင် Beta-carotene ပါဝင်တဲ့ ကန်စွန်းဥတွေကို စားသုံးပေးပါ။

၄။ လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်းတွေဟာ သင့်ရဲ့ဇီဝဖြစ်စဉ်ကို ပြန်လည်မြှင့်တင်ပေးနိုင်တဲ့ အစွမ်းသတ္တိအပြင် အသားအရေအတွက်လည်း အားကောင်းတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ရောင်ရမ်းတာတွေ၊ အိုမင်းရင့်ရော်တာတွေနဲ့ နေလောင်ဒဏ်တွေကို တိုက်ဖျက်ကာကွယ်နိုင်တဲ့ Catechin အပြည့်အဝပါဝင်ပြီး ကင်ဆာကိုလည်း ကာကွယ်နိုင်ပါတယ်။

၅။ ခရမ်းချဉ်သီး

Lycopene ဓာတ်ကြွယ်ဝတဲ့ ခရမ်းချဉ်သီးကို နေ့စဉ်မှန်မှန်စားသုံးပေးခြင်းကလည်း နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်သလို တချိန်တည်းမှာပဲ အသားအရေကိုလည်း စိုပြေလှပလာစေပါတယ်။

Featured Image Source: Daily Express