ဒီနေ့မှာတော့ MyHealth ပရိသတ်ကြီးအတွက် အလှအပနဲ့ပတ်သက်ပြီး ဝက်ခြံအကြောင်းအရာလေးကို ပြောပြပေးချင်ပါတယ်နော်… လူတိုင်းကတော့ မျက်နှာပေါ်မှာဝက်ခြံတွေပေါက်လာရင် စိတ်ညစ်ကြတာပဲလေ။ ဝက်ခြံတွေရှိနေတော့ အလှပြင်ရတာလည်း သိပ်ပြီးတော့ အဆင်မပြေတော့ဘူးပေါ့။ စိတ်ရှုပ်စရာကောင်းလွန်းတဲ့ ဝက်ခြံတွေကိုပျောက်ကင်းစေဖို့အတွက် တစ်ခြားဝက်ခြံပျောက်တယ်ဆိုတဲ့ ပစ္စည်းတွေကိုသုံးတာထက် လုပ်သင့်တဲ့ အရာတွေကို သေချာဂရုတစိုက်လေး လုပ်ပေးမယ်ဆိုရင် သိသာတဲ့ရလဒ်ကောင်းတွေကို ရရှိလာမှာပါနော်…

မျက်နှာကိုပုံမှန်သစ်ပေးပါ

မျက်နှာသစ်ပေးဖို့ ဘာလို့အရေးကြီးတာလဲဆိုတော့ မျက်နှာပေါ်မှာ ကျန်နေခဲ့တတ်တဲ့ မိတ်ကပ်အကြွင်းအကျန်တွေက အညစ်အကြေးတွေနဲ့ ရောသွားပြီး ဝက်ခြံတွေကိုပိုပြီးဖြစ်စေတတ်တာကြောင့် မျက်နှာကို မနက်တစ်ခါ၊ ညတစ်ခါပုံမှန်လေးသစ်ပေးဖို့ အရေးကြီးပါတယ်နော်။

မျက်နှာကိုလက်နဲ့ထိတွေ့တာတွေ

တော်တော်လေးကိုဆိုးရွားတဲ့အကျင့်တစ်ခုပါ။ တစ်ချို့သူတွေဆိုရင် စကားပြောရင်းနဲ့မျက်နှာကို လက်နဲ့ထိနေတာမျိုးတွေက လက်ကနေ တစ်ဆင့်ပါလာတဲ့ ဘက်တီးရီးယားတွေကို မျက်နှာပေါ်တင်သလိုဖြစ်ပြီး ဝက်ခြံတွေကိုဖြစ်ပွားအောင် လုပ်နေသလိုမျိုးဖြစ်စေပါတယ်နော်။

ရေများများသောက်ပေးပါ

ခန္ဓာကိုယ်မှာ ရေဓာတ်ကောင်းကောင်းပြည့်ဝနေမှ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ပြေလျော့သွားစေပြီး ဝက်ခြံဖြစ်တာတွေထက် မရှိအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံတွေမြန်မြန်ပျောက်ချင်တယ်ဆိုရင်တော့ ရေများများသောက်ပေးလိုက်ပါနော်။

စိတ်ဖိစီးမှုတွေမရှိအောင်နေထိုင်ပါ

စိတ်ဖိစီးမှုတွေများလာတာက သင့်ခန္ဓာကိုယ်မှာ ဟော်မုန်းတွေမညီတော့ဘဲ ဝက်ခြံတွေကိုဖြစ်လာစေတော့တာပေါ့။ လူတိုင်းကတော့ အမြဲ မပျော်ရွှင်နေနိုင်ဘူးလေ စိတ်ညစ်စရာတွေရှိလာခဲ့တယ်ဆိုရင်လည်း အတတ်နိုင်ဆုံးစိတ်လျော့ပြီး နေကြည့်လိုက်မယ်ဆိုရင်တော့ အဆင်ပြေစေမှာပါ။

ဒီနည်းလမ်းတွေကိုလိုက်လုပ်ကြည့်မယ်ဆိုရင်တော့ ဝက်ခြံပျောက်စေဖို့တခြားအရာတွေ သုံးနေစရာမလိုဘဲ ရက်ပိုင်းအတွင်းမှာ သိသိသာသာ ပျောက်ကင်းလာမှာပဲဖြစ်ပါတယ်။

Source: Brightside