အားလုံးပဲမင်္ဂလာပါနော်။ ဒီနေ့ကတော့ MyHealth Myanmar ကနေပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့ သင့် ကျန်းမာရေးနဲ့ အသားအရေလှဖို့အတွက် သင်စားတဲ့ အစာအာဟာရတွေ သင်သောက်သုံးတဲ့ ဖျော်ရည်တွေက သိပ်ကိုအရေးပါလှတယ်ဆိုတဲ့ အရာပဲဖြစ်ပါတယ်နော်။

ဒါ့ကြောင့် သင့်ကို ကျန်းလည်းကျန်းမာစေမယ် အသားအရေလည်း လှစေမယ့် အရည် (၄) မျိုးကို ပြောပြပေးချင်ပါတယ်။ ဘယ်လိုအရည်တွေက သင့်အသားအရေလှပစေရုံမက ကျန်းမာရေးအတွက်လည်း အထောက်အကူပြုနေသလဲဆိုတာ ကြည့်လိုက်ရအောင်နော်….

၁။ သံပယိုရည်

Lemon Tea

အသားအရေ ကြည်လင်ပြီး ကျန်းမာဖို့အတွက် ရေနွေးတစ်ခွက်နဲ့ သံပယိုသီးအရည်ညှစ်ပြီးသောက်ပေးလိုက်ပါ။ ဗီတာမင် C ပါဝင်ပြီး သင့်အသားအရေကိုလှပစေမှာဖြစ်ပါတယ်။

၂။ အစိမ်းရောင်ဖျော်ရည်များ

အသည်းကိုကျန်းမာစေသလို ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစိမ်းရောင်ရှိတဲ့ဖျော်ရည်တွေကို သောက်ပေးပါ။ ပန်းသီးအစိမ်း၊ သခွားသီး စတဲ့ သဘာဝအစိမ်းရောင်အသီးတွေ အရွက်တွေကို ဖျော်ပြီးသောက်နိုင်ပါတယ်။

၃။ အရိုးစွပ်ပြုတ်သောက်ပါ

အရိုးစွပ်ပြုတ်က သင့်ကို ကျန်းမာစေပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝပြီး အသားအရေကိုလည်းလှပစေပါတယ်။

၄။ ရေ

ရေကတော့ မရှိမဖြစ်ပါပဲ။ ရေကို တစ်နေ့ ၈ ခွက်အနည်းဆုံးသောက်ပေးပါ။ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ကြည်လင်လာစေမှာပါ။

Reference; Brightside