အသားအရေ ကြည်လင်စိုပြေစေဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ အသားအရောင် မညီခြင်း၊ အသားအရေ ပျော့တွဲခြင်း ဖြစ်တာတွေကို ဘယ်လိုနည်းလမ်းနဲ့ ကုစားရမလဲဆိုတဲ့အကြောင်းကို မျှဝေပေးလိုက်တယ်နော်။

၁။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာ

အမျိုးသမီးတို့ရဲ့ အသားအရေ ကြည်လင်စိုပြေခြင်းရဲ့ လျှို့ဝှက်ချက် (၆) ချက်

အသားအရေ ကြည်လင်လှပဖို့ ကိုယ်အလေးချိန်လျှော့မယ့်အစား ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေစားပါ။

၂။ ကော်ဖီနဲ့တခြား ဖျော်ရည်တွေအစား ရေသောက်မယ်

ကော်ဖီနဲ့ တခြားဖျော်ရည်တွေ သောက်မယ့် အစား ရေသောက်ပေးတာဟာ သင့်အသားအရေကို ပိုပြီး လှပစေမှာပါ။

၃။ လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဟာ ကယ်လိုရီလောင်ကျွမ်းစေရုံသာမက အသားအရေ တင်းတင်းရစ်ရစ်နဲ့ လှပစေမှာပါ။ ကာဒီယိုလို့ခေါ်တဲ့ လေ့ကျင့်ခန်းတွေ၊ ကြိုးခုန်လေ့ကျင့်ခန်းတွေနဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေဟာ သင့်အသားအရေကို ပိုပြီးလှပတင်းရစ်စေမှာဖြစ်ပါတယ်။

၄။ နှိပ်နယ်ပေးပါ

ခန္ဓာကိုယ်ကို အိမ်မှာပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ် နှိပ်နယ်ပေးတာမျိုး လုပ်ပေးပါ။

၅။ ချေးချွတ်ပါ

အသားအရေ ကြည်လင်ပြီး တင်းတင်းရစ်ရစ်ဖြစ်စေဖို့ အသားအရေ ပျော့တွဲခြင်း (Cellulite) ဖြစ်တာမျိုး မဖြစ်စေဖို့ ခရင်မ်လိမ်းပေးမယ့်အစား ချေးချွတ်ပေးပါ။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးလို့ အသားအရေကို ပိုပြီး တင်းရစ်ကြည်လင်လာစေပါတယ်။

၆။ အပူချိန် တင့်သင့်မျှတဲ့ ရေနဲ့ချိုးပါ

ရေနွေးပူပူနဲ့ ရေချိုးမယ့်အစား ရေနွေးရော ရေအေးပါရောထားတဲ့ အပူအအေး မျှတဲ့ ရေနဲ့ ချိုးပေးပါ။ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပြီး အသာအးရေ ကြည်လင်စေမှာဖြစ်ပါတယ်။