အစားအစာတွေကနေ အာဟာရဓာတ်တွေရရှိတာကြောင့် အစားမစားဘဲမနေကြဖို့ လူတကာက တိုက်တွန်းကြပေမယ့်လည်း တခြားအရာတွေနည်းတူ စားသင့်တာနဲ့ မစားသင့်တာဆိုပြီးတော့လည်း ခွဲခြားထားပါသေးတယ်။

ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ်မသိနိုင်တဲ့ အန္တရာယ်ရှိ အစားအစာတွေလည်းရှိနေနိုင်သလို တချို့အစားအစာတွေကကျတော့လည်း ကိုယ့်ကိုဒီလိုအန္တရာယ်တွေမဖြစ်အောင် ကာကွယ်ပေးနိုင်ကြပါတယ်။

ဒါဆိုရင် ဘယ်လိုအစားအစာတွေက ကိုယ့်ရဲ့အသားအရေကိုလှစေနိုင်ပြီး ခန္ဓာကိုယ်ကိုလည်း နေလို့ထိုင်လို့ကောင်းနေစေမှာလဲဆိုတာကို အခုပဲဖော်ပြပေးလိုက်ရပါတယ်။

ဘလူးဘယ်ရီသီးများ

ဘလူးဘယ်ရီသီးများမှာ အသားအရေကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အာဟာရဖြစ် ဗီတာမင်တွေ အမြောက်အမြားပါဝင်သလို မျက်စိအမြင်အားနည်းခြင်းမှ ကင်းဝေးစေဖို့ကူညီပေးတဲ့ အခန်းကဏ္ဍမှလည်းဆောင်ရွက်ပေးပါသေးတယ်။

ထောပတ်သီး

ထောပတ်သီးကို စားသုံးပေးခြင်းဖြင့် နှလုံးကိုကာကွယ်နိုင်ပြီး သွေးပေါင်ချိန်ပုံမှန်ဖြစ်စေကာ နှလုံးသွေးကြောကျဉ်းရောဂါတွေဖြစ်ပွားနှုန်းကိုလည်း လျော့ကျစေပါတယ်။

မုန်လာဥနီများ

မုန်လာဥနီတစ်နေ့တစ်လုံး ပုံမှန်စားပေးခြင်းဖြင့် ဆရာဝန်သွားပြနေစရာမလိုလောက်အောင်ကို ကိုယ်ခံအားကောင်းနေစေမှာဖြစ်ပါတယ်။ မုန်လာဥနီတွေမှာပါဝင်တဲ့ Carotene က ခန္ဓာကိုယ်တွင်းဝင်သွားသည့်အခါ ဗီတာမင်အေ အဖြစ်သို့ ပြောင်းလဲသွားပြီး ရောဂါဝေဒနာများ ကူးစက်ခြင်းမှ ကာကွယ်ပေးပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးတွေလောက် သွေးချိုပမာဏကို ထိန်းပေးထားနိုင်စွမ်းမရှိပါဘူး။ ငှက်ပျောသီးတွေမှာ ပြည့်အင့်မှုကိုဖြစ်ပေါ်စေတဲ့ ကစီဓာတ်ပါဝင်ပြီး အစာစားချင်စိတ်ကိုလျော့ကျစေပါတယ်။ ဒါ့အပြင် ကိုယ်တွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားပစ်ရာမှာ ကူညီပေးတဲ့ Pectin လည်း ပါဝင်နေပါသေးတယ်။

ကြက်ဥများ

ကြက်ဥတွေမှာ အခြေခံဗီတာမင် ၁၂ မျိုးဖြစ်တဲ့ အေ၊ ဒီ၊ အီး၊ အိတ်ချ်၊ ကေနှင့် ဘီအုပ်စု (ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုး၊ ဘီနိုင်း) တို့နှင့် အခြားတို့ပါဝင်နေပါတယ်။ ကြက်ဥအနှစ်တွေမှာ ငါးကြီးဆီတွေမှာပါဝင်နေတဲ့ ဗီတာမင်ဒီပမာဏနီးနီး ပါဝင်နေသည့်အပြင် အမီနိုအက်စစ်လည်း ကြွယ်ဝပါတယ်။

Source: BrightSide