ခန္ဓာကိုယ်အလှပအတွက်ရာ ကျန်းမာရေးအတွက်ရော ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရာမှာ လူတိုင်းလူတိုင်း ခံယူချက်ကိုယ်စီရှိကြမယ်ထင်ပါတယ်။ အဲဒီလိုခံယူချက်အမှားတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ တစ်နေ့တာလုံးမှာ လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန်

အများအားဖြင့်တော့ လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန်ဟာ မနက်ပိုင်း (သို့) ညနေပိုင်းလို့ခံယူထားကြပါတယ်။ တကယ်တော့ နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးဖို့နဲ့ မည်သည့်အချိန်မဆို လုပ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်လည်း မိနစ် ၂၀ (သို့) ၃၀ ခန့် အနည်းဆုံး လုပ်ပေးသင့်ပါတယ်။

၂။ လေ့ကျင့်ခန်း အကြာကြီးလုပ်ရင် ပိုကောင်းတယ်

တခါတလေမှာ လေ့ကျင့်ခန်းလုပ်ပုံမမှန်ရင်လည်း သင့်ကို ဘာမှမထိခိုက်ဘူးလို့ခံယူထားကြပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း အလွန်အကျွံလုပ်ပေးတာ ဟာလည်း သင့်ကို နာကျင်ခိုက်ခဲစေပါတယ်။ ဒီနေ့မှာ နာရီဝက်လုပ်ပြီး နောက်နေ့ကို ရုတ်တရက် ၁နာရီ တိုးလုပ်လိုက်မယ့်အစား ဒီနေ့နာရီဝက်၊ နောက်နေ့ ၄၅ မိနစ်ဆိုပြီး နည်းနည်းဆီတိုးသွားသင့်ပါတယ်။

၃။ ဝမ်းဗိုက်ချပ်ဖို့ဆို အိပ်ထမတင်ပဲလုပ်ပေးရမယ်

ဝမ်းဗိုက်ချပ်ဖို့လို့ပြောလိုက်ရင် အိပ်ထမတင်တစ်ခုတည်းနဲ့ လုံလောက်မယ်လို့ ထင်နေကြပါတယ်။ အဲဒီလို အိပ်ထမတင်တစ်ခုတည်းလုပ်တာဟာ သင့်ဝမ်းဗိုက်ချပ်စေဖို့အတွက်မလုံလောက်ပါဘူး။ အဲဒီအစား အစားအစာကိုလည်း ဂရုတစိုက်စားပေးဖို့လိုအပ်ပြီး တခြားဝမ်းဗိုက်ချပ်စေတဲ့ လေ့ကျင့်ခန်းတွေကို စုပေါင်းလုပ်ပေးသင့်ပါတယ်။

၄။ ချွေးများများထွက်လေ ဝိတ်များများကျလေ

လူတွေအများအားဖြင့် ချွေးများများထွက်ရင် အဆီများများကျမယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုမဟုတ်ပါဘူး။ ချွေးထွက်တာဟာ ကိုယ်လက်လှုပ်ရှားမှုကြောင့် ထွက်လာတာဖြစ်ပြီး ခန္ဓာကိုယ်အတွင်း အပူချိန်ပုံမှန်ထိန်းထားနိုင်ဖို့ ဖြစ်ပါတယ်။

၅။ အလေးမတာဟာ အမျိုးသမီးတွေကို ကြွက်သားထွက်စေတယ်

အဲဒါဟာမဟုတ်ပါဘူး။ ဝိတ်မတာဟာ ကြွက်သားအတွက်ကောင်းမွန်သလို ခန္ဓာကိုယ်အပေါ်ပိုင်းအတွက်ကောင်းမွန်ပါတယ်။ လက်မောင်းကအဆီတွေကိုကျစေပြီး နောက်ကျောကိုလည်း ပိုပြီး လှပစေပါတယ်။ ဒါပေမယ့် ကြွက်သားတွေ အဖုလိုက် အထစ်လိုက် ထွက်လာစေမှာမဟုတ်ပါဘူး။