လိမ္မော်သီးဟာ အသားအရေအတွက် များစွာအကျိုးကျေးဇူးရှိနေပါတယ်။ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး အသားအရေကို ဖြူဝင်းစေပါတယ်။ လိမ္မော်ခွံကို အသားအရေဖြူဝင်းဖို့နဲ့ အရေးကြောင်းတွေသက်သာဖို့ အဆီပြန်တာကိုသက်သာစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။

အဆီပြန်တဲ့အသားအရေအတွက်

အဆီပြန်တဲ့အသားအရေအတွက် လိမ္မော်ခွံကိုအသုံးပြုနိုင်ပါတယ်။

လိမ္မော်ခွံကို နေရိပ်ထဲမှာ အခြောက်ထားပြီး အမှုန့်ကြိတ်လိုက်ပါ။ လိမ္မော်ခွံအမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရွှံ့စေးမှုန့် (Multani Mitti Powder) စားပွဲတင်ဇွန်း ၁ ဇွန်း ပေါင်းပြီး သေချာဖျော်လိုက်ပါ။ ပြီးရင် နှင်းဆီရေ (Rose Water) (နှင်းဆီပန်းပွင့်ကို ရေသေချာဆေးပြီး ရေနွေးနဲ့ ကျိုလိုက်ပါ။ ပြီးရင် အအေးခံထားလိုက်ပါ) နည်းနည်းထည့်ပါ။ ပြီးရင် သေချာ ပျစ်ပျစ်လေးဖျော်ပေးပြီး မျက်နှာနဲ့ လည်ပင်းပေါ်လိမ်းပေးကာ အခြောက်ခံပါ။ ပြီးရင် မျက်နှာသစ်လိုက်ပါ။ ဆားဝက်ခြံတွေကိုလည်း သက်သာစေပြီး အဆီပြန်တာလည်း သက်သာစေပါတယ်။

အသားအရေ ဖြူဝင်းစေဖို့အတွက်

လိမ္မော်ခွံကို အမှုန့်ကြိတ်လိုက်ပါ။ ပြီးရင် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းကိုရောလိုက်ပါ။ ပြီးရင် မျက်နှာနဲ့ မျက်လုံးလောက်တွေ လည်ပင်နားတွေမှာ လိမ်းပေးပြီး ၁၅ မိနစ် မိနစ် ၂၀ လော်ကထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

နေလောင်ကွက်တွေ ဖယ်ရှားဖို့

နေလောင်ထားလို့ ညိုမည်းနေတဲ့အသားအရေအတွက် လိမ္မော်ခွံကို အမှုန့်ဖြစ်အောင်ကြိတ်လိုက်ပါ။ ပြီးရင် လိမ္မော်ခွံအမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းရောလိုက်ပါ။ ပြီးရင် နနွင်းမှုန့်အနည်းငယ်ထည့်ပါ။ အဲဒီနောက် မျက်နှာနဲ့ လည်ပင်းနားကိုလိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ ပြီးရင် နှင်းဆီရေ လိမ်းပေးထားပါ။