သင့်ရဲ့ တစ်နေ့တာကို လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အစပြုလိုက်ပါ။

ရိုးရိုးရှင်းရှင်းနဲ့ ကုန်ကျစရိတ်သက်သာပြီး သင့်ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးမယ့်အပြင်၊ ကယ်လိုရီလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းကို နေ့တိုင်းလုပ်ပေးပြီး လှပတဲ့ခန္ဓာကိုယ်နဲ့ အသားအရေကို ရယူလိုက်ရအောင်။

၁။ ၅ ကီလို အလေးတုံးကို လှဲနေရင်းနဲ့ မပေးပါ။ အဲဒီလိုလှဲနေရင်း အတုံးကို ဖြည်းဖြည်းနဲ့ မှန်မှန်မပေးရမှာဖြစ်ပါတယ်။ လက်မောင်းကအဆီကျစေပြီး သင့်လက်မောင်းကို ကျစ်လျစ်လှပစေမှာပါ။ ၁၀ ကြိမ် ၄ ကြော့ လုပ်ပေးပါ။

၂။ ကြိုးခုန်တာဟာ သင့်ခန္ဓာကိုယ်အချိုးအစားကို လှပစေပြီး ခွန်အားပြည့်ဝစေပါတယ်။ မနက်ခင်းမှာ လုပ်ပေးခြင်းအားဖြင့် တစ်နေ့တာလုံး လန်းဆန်းနေစေမှာပါ။ သီချင်းဖွင့်ပြီး ကြိုးခုန်ပေးမယ်ဆိုရင် စိတ်ကိုကြည်လင်စေမှာဖြစ်ပါတယ်။ ၅ မိနစ်လောက်ခုန်ပေးပါ။

၃။ အရင်ဆုံးလှဲနေပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို နည်းနည်းခွဲလိုက်ပါ။ လက်နှစ်ဖက်ကို အရှေ့တန်းတန်းမြောက်လိုက်ပါ။ ပြီးရင် လက်နဲ့ ခြေထောက်နှစ်ဖက်ကို အပေါ်မြောက်ပေးပါ။ ဝမ်းဗိုက်ကိုအာရုံစိုက်ထားပြီး နေနိုင်သလောက်နေပါ။ အသက်ကို ဖြည်းဖြည်းမှန်မှန်ရှူပေးပါ။ ၁၀ ကြိမ်လုပ်ပေးပါ။

၄။ ထိုင်ခုံနဲ့လေ့ကျင့်ခန်းလုပ်ပါ။ ထိုင်ခုံတစ်လုံးကိုရှေ့မှာချထားပြီး အခုပုံမှာပြထားသလို ခြေထောက်တစ်ဖက်ကို တင်လိုက်ချလိုက်။ နောက်တစ်ဖက်ကိုတင်လိုက်ချလိုက်လုပ်ပေးပါ။ ပေါင်နားက ကြွက်သားကိုသန်မာစေပြီး အဆီကျစေမှာပါ။ ဘယ်ညာ ၁၀ ကြိမ် ၄ ကြော့လုပ်ပေးပါ။

၅။ နံရံပေါ်မှာ ကပ်ပြီး ခြေထောက်ကို အပေါ် ထောင်ပေးထားပါ။ လက်နှစ်ဖက်ကို ဘေးမှာချထားပြီး အသက်မှန်မှန်ရှူပါ။ ၃ မိနစ်ခန့်လုပ်ပေးပါ။

၆။ အရင်ဆုံး လေးဖက်ထောက်ထားပါ။ ပြီးရင်အခုပုံမှာပြထားသလို ကျောကုန်းကို အနည်းငယ် ကုန်းလိုက်ပြီး မျက်နှာကို ကြမ်းပြင်ကြည့်ပေးပါ။ ဗိုက်ကိုချပ်ထားပါ။ အသက်အောင့်ထားပါ။ ၁၀ ကြိမ်လုပ်ပေးပါ။

၇။ အခုပုံမှာပြထားသလို ခြေထောက်တစ်ဖက်ကို ဆန့်တစ်ဖက်ကို ကွေးထားပြီး လက်ကို ဆန့်ထားတဲ့ခြေထောက်နဲ့ ထိအောင်လုပ်ပေးပါ။ အဲဒီအတိုင်း စက္ကန့် ၃၀ လောက်နေပြီး နောက်တစ်ဖက်ပြောင်းပါ။ ၁၀ ကြိမ်လုပ်ပေးပါ။