ဒီတခါတော့ လက်မောင်းမှာ အဆီတွေ တွဲကျနေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် စူပါမော်ဒယ်တစ်ယောက်လို လှပသွယ်လျတဲ့ လက်မောင်းလေးကို ပိုင်ဆိုင်နိုင်ဖို့ လေ့ကျင့်ခန်းတွေကို မျှဝေပေးပါမယ်။ မိန်းကလေး တချို့က လေ့ကျင့်ခန်းလုပ်ရင် လက်မောင်းကြီးလာမလား၊ ကြွက်သားတွေ ထွက်လာမလားလို့ ထင်ကြပါတယ်။ တကယ်တော့ မိန်းကလေးတွေဟာ ကြွက်သားထွက်ဖို့ ခက်ပါတယ်။ ပြီးရင် ဒီလိုလုပ်ရင် လက်မောင်းပိုကြီးမလာပါဘူး။ လက်မောင်းသား ကျစ်သွားမှာပါ။

၁။ ရေသန့်ဘူး ၁ လီတာ ဘူး နှစ်ဘူးကို ရေ အပြည့်ဖြည့်ထားပါ။ ပြီးရင် လက်မောင်းနှစ်ဖက်ကို ကိုယ်နဲ့ ကပ်ထားပြီး ရေဘူးကို အခုပုံမှာပြထားသလို အပေါ်မတင်ပါ။ ရေဘူးကို မတင်လိုက်တဲ့အခါ အသက်ရှူပေးပြီး ပြန်ချတဲ့အခါ အသက်ပြန်ရှူထုတ်ပေးပါ။

၂။ ကုလားထိုင် ခုံတစ်လုံးကို အနောက်မှာ ချထားပါ။ ပြီးရင် လက်နှစ်ဖက်ကို ထောက်ထားပြီး ခန္ဓာကိုယ်အောက်ပိုင်းကို ထိုင်လိုက် ထလိုက်လုပ်ပေးပါ။

၃။ ခုံတစ်လုံးကို အရှေ့မှာ ချပြီး ဒိုက်ထိုးပေးရပါမယ်။ လက်မောင်းနောက်က ကြွက်သားကို သန်မာစေမှာဖြစ်ပြီး အဆီကျစေမှာဖြစ်ပါတယ်။

၄။ နံရံတစ်ခုနားမှာ နက်ဖက်ကို ကပ်ထားပြီး တွန်းလိုက် ပုံမှန်အတိုင်း ပြန်နေလိုက် လုပ်ပေးပါ။

၅။ ပုခုံးနှစ်ဖက်ကို တန်းတန်းထား ခြေထောက်နှစ်ဖက်ကို နည်းနည်းကားပြီး လက်ဝှေ့ ထိုးပေးပါ။ အဲဒီလိုလုပ်တာဟာ လက်မောင်းက အဆီတွေကို ကျစေပါတယ်။