ငှက်ပျောသီးဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်တဲ့ သီးနှံအမျိုးအစားပါ။ ငှက်ပျောသီးကိုစားပြီးရင် ငှက်ပျောခွံကို လွှင့်ပစ်လေ့ရှိကြပါတယ်။ အခုပြောပြမယ့် ငှက်ပျောခွံရဲ့ ကောင်းကျိုးတွေကို သိပြီးရင်တော့ ငှက်ပျောခွံကို လွှင့်ပစ်မိတော့မှာမဟုတ်ပါဘူး။

bananas

ငှက်ပျောသီးမှာ အမျှင်ဓါတ်၊ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး အစာမကြေတာကို ပျောက်ကင်းစေလို့ ဝမ်းမှန်စေပါတယ်။ ငှက်ပျောသီးမှာ အဲလိုဂုဏ်သတ္တိတွေပါဝင်သလိုပဲ ငှက်ပျောခွံမှာလည်း အဲလိုအာနိသင်တွေပါဝင်နေတာပါ။

ripe-and-unripe-bananas

ငှက်ပျောသီးမှဲ့နဲ့ ငှက်ပျောသီးစိမ်းမှာ ငှက်ပျောသီးစိမ်းက ကိုယ်အလေးချိန်လျှော့ချရမှာ ပိုကောင်းပါတယ်။ ငှက်ပျောမှဲ့မှာလည်း ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေ အများအပြားပါဝင်နေပါတယ်။ မိမိကြိုက်နှစ်သက်ရာကို အသုံးပြုလို့ရပါတယ်။

ငှက်ပျောခွံကိုစားပါဆိုရင်တော့ သိပ်ပြီးစားချင်ကြမယ်မထင်ပါဘူး။ အရသာမရှိလို့ စားဖို့ တွန့်ဆုတ်နေကြမှာသေချာပါတယ်။ ဒါပေမဲ့ ငှက်ပျောခွံမှာ ဗီတာမင် A၊ Lutein ဓါတ်တွေပါဝင်လို့ ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများအပြား ရှိနေပါတယ်။ ဒီတော့ ခန္ဓာကိုယ်မှာပိုနေတဲ့အဆီတွေကို ဖယ်ရှားဖို့အတွက် ငှက်ပျောသီးခွံကို ဖျော်ရည်လုပ်ပြီးသောက်ရအောင်။

ပါဝင်ပစ္စည်း

banana-smoothiebanana-4-625_625x350_71438591035

ငှက်ပျောခွံ

အုန်းနို့

ရေခဲ

သစ်ကြံပိုးခေါက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို Blender (ဖျော်စက်) ထဲထည့်ပြီး ဖျော်လိုက်ပါ။ ပြီးရင်သောက်သုံးလို့ရပါတယ်။

နောက်တစ်နည်းကတော့

img_1905-4banana-honey-and-lemon-juice-pack

ငှက်ပျောခွံကို ရေနွေးနဲ့ ၁၀ မိနစ်လောက်ဆူဆူသည်ထားပါ။ ပြီးရင် မီးဖိုပေါ်ကချပြီး ပျားရည် (သို့) သကြားထည့်ပြီးသောက်သုံးရမှာဖြစ်ပါတယ်။ ချည်ချည်လေးသောက်ချင်ရင်တော့ သံပုရာသီးအနည်းငယ်ညှစ်ထည့်ပါ။

ငှက်ပျောခွံဖျော်ရည်ကို မနက်ခင်း အစာမစားခင်မှာ သောက်သုံးပေးပါ။