ဆောင်းတွင်းမဟုတ်ရင်တောင် တချို့နှုတ်ခမ်းသားတွေဆို ညိုပြီး ညစ်နွမ်းနွမ်းဖြစ်နေတတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးတွေပါ ကလေးငယ်တွေကို နူးညံ့ပြီး ပန်းသွေးရောင်သန်းတဲ့ နှုတ်ခမ်းသားကို ပိုင်ဆိုင်ချင်ကြပါတယ်။

နှုတ်ခမ်းသားကို ပန်းသွေးရောင်ဖြစ်စေမဲ့နည်းလမ်းကိုမပြောခင် နှုတ်ခမ်းသားညိုရခြင်းရဲ့ အကြောင်းအရင်းကို အရင်ဆုံးပြောပြချင်ပါတယ်။

ဆေးလိပ်သောက်တာ၊ ကော်ဖီသောက်တာ၊ နေရောင်ခြည်ထိတွေ့မှုများတာစတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အရည်သွေးညံ့တဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုတာကလည်း နှုတ်ခမ်းသားကို ညိုမဲပျက်စီးစေပါတယ်။

ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေမသုံးဘဲ သဘာဝအတိုင်း နှုတ်ခမ်းသားကို ထိန်းသိမ်းလိုက်ရအောင်ပါ။

ပါဝင်ပစ္စည်း

lemon-juicesugar-783639

သံပုယိုရည် တစ်ခွက်

သကြား

ပြုလုပ်နည်း

aspirin21

သံပုယိုရည်တစ်ခွက်ထဲကို သကြားထည့်လိုက်ပါ။ သကြားပျော်တဲ့ထိမထားဘဲ နှုတ်ခမ်းသားပေါ်မှာ ညင်သာစွာပွတ်လမ်းပေးပါ။ ၁၀ မိနစ်လောက် ထားပြီး ရေဆေးချနိုင်ပါတယ်။

နောက်တစ်နည်းကတော့ သံပုရာရည်ကိုပဲ အိပ်ယာမဝင်ခင် လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားကာ ရေဆေးချပါ။

အခုလို ပုံမှန်လုပ်ပေးတာဟာ နှုတ်ခမ်းသားနူးညံ့ပြီး ပန်းနုရောင်သန်းစေမှာဖြစ်ပါတယ်။