အအေးမိဖျားနာနေလို့ ဆေးခန်းသွားစရာမလိုပါဘူး။ သဘာဝအိမ်တွင်းဆေးနည်းလေးတွေနဲ့ ကုသနိုင်ပါတယ်။ ရောဂါအသေးအမွှားဖြစ်တာကို ဆေးဝါးတွေ မကြာခဏမှီဝဲနေရင်း ဆေးမတိုးတော့ဘဲနေမယ်နော်။ ဒါ့ကြောင့် သဘာဝနည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

ခေါင်းကိုက်တာ၊ အအေးမိဖျားနာတာ၊ မျက်လုံးနီတာ၊ လည်ပင်းနာတာ၊ ကိုယ်လက်နာကျင်ကိုက်ခဲတာတွေကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းတွေပါဝင်လို့ အအေးမိဖျားနာတာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေလို့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ ၁ လုံးကို ကြိတ်လိုက်ပါ။ ပြီးရင် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ပြီးရင်တော့ ငရုတ်ကောင်းမှုန့် (သို့) ငရုတ်သီးအနီမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပါ။ အဲဒီနောက် သေချာမွှေပြီး စားလိုက်ပါ။

ဒုတိယနည်းလမ်း

ကြက်သွန်ဖြူ ၄ မွှာ ၅ မွှာကို တောက်တောက်စဉ်းပြီး ရေထည့်ထားတဲ့ ခွက်ထဲထည့်ပါ။ ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ တစ်နေ့ကို၂ ကြိမ် ၃ ကြိမ်လောက်သောက်ပါ။

နည်းလမ်း ၃

ကြက်သွန်ဖြူကို ကိုယ်စားမယ့်အစာထဲမှာ အစိမ်းလိုက် တစ်မွှာ နှစ်မွှာလောက်ထည့်စားပါ။

ပျားရည်

ပျားရည်လက်ဖက်ရည်ဇွန်း၂ဇွန်းရယ် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းရယ်ရောပြီး သောက်ပေးပါ။ ၂ နာရီအတွင်း သက်သာသွားမှာဖြစ်ပါတယ်။

ပျားရည်ကို ဒီအတိုင်း ၁ ဇွန်းလောက် မျိုချလိုက်လည်းရပါတယ်။

ဂျင်း

112

ဂျင်းကို အစိမ်းလိုက်စားတာ (သို့) ဂျင်းကို ရေနွေးနဲ့ပြုတ်ပြီးသောက်တာပဲဖြစ်ဖြစ်လုပ်နိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ် ၃ ကြိမ်လောက်သောက်ပါ။ စားပါ။ သံပုယိုရည်နဲ့ ပျားရည်လည်းထည့်သောက်နိုင်ပါတယ်။

ဂျင်းနဲ့ လေးညှင်းပွင့်ကို ကြိတ်လိုက်ပါ။ ပြီးရင် ဆား ထည့်လိုက်ပြီး လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ကို တစ်နေ့ ၂ ကြိမ်သောက်ပါ။